Co-Living Relationship တစ်နည်းအားဖြင့် လက်မထပ်ဘဲ အတူတကွ တစ်အိမ်တည်း အတူနေထိုင်ခြင်း
ဒီဘက်ခေတ်ကာလမှာ သမီးရည်းစားတွေ ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုသေးဘဲ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်၊ ပိုရင်းနှီးမှုရှိအောင် အချိန်ကာလတစ်ခုအထိ Co-Living Relationship ကို ရွေးချယ်နေထိုင်လာကြပါတယ်။
Co-Living ဆက်ဆံရေးဆိုတာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင် ကြင်နာမှုတို့နဲ့အတူ အနီးကပ် နွေးထွေးစွာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိသားစု ဘဝတစ်ခုကို မထူထောင်မီ တစ်ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်ပေးနိုင်ပြီလား? တစ်ဦး အပေါ် တစ်ဦး သစ္စာရှိရှိ ချစ်ခင်ကြင်နာနိုင်ပြီလား။ စိတ်ရှည်သည်းခံရဲ့လား။ အကျင့်စာရိတ္တကောင်းမွန်ရဲ့လား။ တာဝန်ယူစိတ် ရှိတတ်သူလား။ တစ်ယောက်အပေါ် တစ်ယောက် ညှာတာစိတ်ရှိရဲ့လား။ ဒါတွေအားလုံးကို အနီးကပ် အတူတူနေကြည့်ရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုသိလာပြီး နားလည် လက်ခံနိုင်လာမှာပါ။
နှစ်ဦးသဘောတူ Co-Living Relationship ကို ရွေးချယ်ကြပြီဆိုရင် မိသားစု စီမံကိန်းကို မေ့ထားလို့မရပါဘူး။ အရေးကြီးဆုံး ထည့်စဉ်းစားရမယ့် မိသားစု စီမံကိန်းအစီအစဉ်ကို ကိုယ့်ရဲ့ life partner နဲ့ တစ်အိမ်တည်း အတူတူမနေမီ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် သားသမီးရတနာလေးတွေ ယူဖို့ အခြေခံအကျဆုံး အချိန်အတိုင်းအတာ၊ လက်ထက်ထိမ်းမြားမယ့် အချိန်၊ နှစ်ဦးသားရဲ့ ငွေကြေးအခြေအနေ၊ ကျန်းမာရေး၊ ရည်မှန်းချက်၊ အနာဂတ် ပလန် စတဲ့ အချက်လေးတွေကို သေချာ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ဘယ်နည်းလမ်းက ကိုယ့်အတွက် ပိုအဆင်ပြေ သင့်တော်လဲဆိုတာ အပေါ်က အခြေခံ မေးခွန်းလေးတွေရဲ့ အဖြေကို တိတိကျကျ သိထားရင် ရွေးချယ်လို့ လွယ်ကူပါပြီ။ (ဥပမာ ကိုယ်က သုံး၊ လေးနှစ်လောက် အတူတူနေပြီးမှ လက်ထက်မယ်၊ သားသမီး ယူမယ် လို့တွေးထားတာဆိုရင် နေ့စဉ်သောက်ဆေး၊ ထိုးဆေး၊ long-terms method ဖြစ်တဲ့ လက်မောင်းတွင်းထည့် (၄) နှစ်ခံ Lydia Implenex II စတဲ့ နည်းလမ်းလေးတွေထဲက ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်)။
ဒါကြောင့် Co-Living Relationship ကို တည်ဆောက်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ life partner နဲ့အတူ သေချာတိုင်ပင် ဆွေးနွေးပြီးမှ အဆင်ပြေဆုံး နည်းလမ်းကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။