အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ

အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ

လိင်ဆက်ဆံခြင်းဆိုတာက ပုထုစဉ်လူသားတိုင်း တွေ့ကြုံနိုင်တဲ့ သဘာဝ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်စရာကောင်းပြီး နီးစပ်မှုရှိစေတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နိုင်သလို တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးရတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ ကျန်းမာရေးကို နားလည်ဂရုစိုက်ရန် အရေးကြီးပါတယ်။

အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုတာ ရောဂါမဖြစ်စေရန်သာမဟုတ်ဘဲ ကာယကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကိုယ့်ကိုယ်ကို လေးစားမှုတို့အပါအဝင် မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုကာ ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုပဲ ဖြစ်ပါတယ်။

မှန်ကန်တဲ့ နည်းလမ်းလို့ဆိုတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ပါတနာနဲ့ စိတ်တူကိုယ်တူ ဆက်ဆံရေးရှိကြတယ်။ သူရော ကိုယ်ရော နှစ်ယောက်လုံးက သား၊ သမီး ယူဖို့ အဆင်သင့်မဖြစ်ကြသေးဘူး၊ လွတ်လွတ်လပ်လပ်နေချင်ကြသေးတဲ့အခါမျိုးမှာ  အမျိုးသမီးတွေအနေနဲ့ ကိုယ့်အတွက် မှန်ကန်သင့်လျော်ပြီး ကျန်းမာရေးနဲ့ကိုက်ညီမှုရှိတဲ့ သားဆက်ခြားနည်းလမ်းမျိုးကို ရွေးချယ်ထားသင့်တာကို ဆိုလိုတာပါ။

မှန်ကန်သင့်လျော်တဲ့ သားဆက်ခြားနည်းလမ်းတွေအကြောင်း အသေးစိတ်ကိုတော့ ဤလင့်ခ်တွင် Lydia/family-planning-mm/ ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ