ယောနိ (သားအိမ်) ကျန်းမာရေးအတွက် နေ့စဉ်ဂရုစိုက်ရန် သိထားသင့်တဲ့ အလွယ်ကူဆုံး အချက်များ
အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်းအောင်ထားခြင်းဟာ ကိုယ့်ရဲ့ သားအိမ်ကျန်းမာရေးကို ဂရုစိုက်ခြင်း တစ်မျိုးပါပဲ။
မိန်းမကိုယ်သန့်ရှင်းအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ?
- အများစုသိကြတဲ့ အမျိုးသမီးသုံး မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာ မိန်းမကိုယ်အပြင်ပိုင်းကို သန့်ရှင်းစေဖို့ အထောက်အကူဖြစ်နိုင်ပေမဲ့ အပြင်ပိုင်းမှာသာ အသုံးပြုသင့်ပါတယ်။
- မိန်းမကိုယ်အတွင်းပိုင်းကိုတော့ သဘာဝအတိုင်း ကိုယ်တိုင် သန့်ရှင်းနိုင်တဲ့ စနစ်ရှိပြီးသားဖြစ်လို့ ဆေးရည်နဲ့ အတွင်းထိ သန့်ရှင်းရန် မလိုအပ်သလို မသုံးသင့်ပါဘူး။
- အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းကတော့ မိန်းမကိုယ်ကို နေ့စဉ် ရေသန့်သန့်နဲ့ သန့်စင်ပေးရင် လုံလောက်ပါပြီ။ (ဆပ်ပြာ သုံးရန် မလိုအပ်ပါဘူး)
- မိန်းမကိုယ် သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာ သတိပြုထားသင့်တာက မိန်းမကိုယ်အတွင်းပိုင်း (သားအိမ်လမ်းကြောင်းအတွင်း) ဟာ သဘာဝအတိုင်း ကိုယ်တိုင် သန့်ရှင်းနိုင်တဲ့ စနစ်ရှိပြီးသားဖြစ်တဲ့အတွက် အတွင်းထိ သန့်ရှင်းရေး ပြုလုပ်ရန် မလိုအပ်ပါဘူး။
- မိန်းမကိုယ်သန့်ရှင်းရေး ပြုလုပ်တဲ့အခါမှာလည်း နူးညံ့ညင်သာစွာဖြင့်သာ သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ (မြန်မြန်ဆန်ဆန်ဖြစ်စေ ကြမ်းကြမ်းတမ်းတမ်း သန့်ရှင်းရေး ပြုလုပ်တာတွေက အရေးပြား ပွန်းပဲ့ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်)။
ဘာကြောင့် ဆပ်ပြာကို မိန်းမကိုယ်သန့်ရှင်းရေးအတွက် မသုံးသင့်တာလဲ?
မိန်းမကိုယ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ဆပ်ပြာ၊ Vaginal Mask, Vaginal Scrub စတဲ့ ပစ္စည်းတွေဟာ မိန်းမကိုယ်ရဲ့ သဘာဝ pH အဆင့်ကို ပျက်စီးစေနိုင်ပြီး မိန်းမကိုယ် အတွင်းပိုင်းကို ပိုးမွှားကူးစက်မှု ဖြစ်စေတတ်ပါတယ်။
အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ်ကို ဂရုစိုက်နည်း
| အတူမနေမီ | အတူနေပြီးနောက် |
|---|---|
| ချောဆီ အသုံးပြုမယ်ဆိုရင် အရောင်၊ အနံ့ မပါဝင်တဲ့ သဘာဝ gel type တွေကိုပဲ အသုံးပြုသင့်ပါတယ်။. | ဘက်တီးရီးယားတွေဝင်နိုင်တဲ့အတွက် အတူနေပြီးတိုင်း ဆီးအရင်သွားပါ။ ပြီးနောက် နူးညံငြင်သာစွာ ရေဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။ |