နေ့စဉ်ဘဝထဲက နှစ်ကိုယ်တူ ရင်ခုန်မှုတွေ ပြန်ရဖို့

အမျိုးသမီးတွေအနေနဲ့ နှစ်ကာလရှည်ကြာပြီဖြစ်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားနဲ့ နှစ်ကိုယ်ကြား နွေးထွေးထွေး မရှိတော့တာ၊ အချင်းချင်း ရင်းနှီးမှု လျော့နည်းလာတာ၊ အမျိုးသားက ကိုယ့်အပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာမျိုး တွေ့ကြုံရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သားသမီးရသွားကြတဲ့အခါမှာ သားသမီးအပေါ် အာရုံပိုစိုက်ရတာများတဲ့အတွက် အမျိုးသားအပေါ် အချိန်သေချာမပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက နှစ်ဦးသားအတွက် သီးသန့်အချိန် မရှိကြ၊ မပေးနိုင်ကြရာကနေ နွေးထွေးပျော်ရွှင်မှုတွေ လျော့နည်းလာတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ချစ်ခင်ကြင်နာစ အိမ်ထောင်ရေးတစ်ခုအဖြစ် ပြန်အသက်သွင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းအချို့ရှိပါတယ်။ သုတေသန စစ်တမ်းတွေအရ ဒီနည်းလမ်းလေးအချို့က ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် အမျိုးသားကို ပိုနွေးထွေးလာစေသလို၊ နွေးထွေးပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခု ပြန်ဖြစ်စေဖို့ အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

နှစ်ယောက်သား အချိန်ပေးပြီးဝါသနာပါရာလေးတွ တူတူလုပ်ကြည့်ပါ။

Gym အတူတူဆော့တာ၊ ကြက်တောင်ရိုက်တာ၊ ဂိမ်းအတူတူ ဆော့တာ၊ ရေ အတူတူကူးတာ စသဖြင့် activities လေးတွေ လုပ်ကြည့်ပါ။
Hobbies
Dotted Line Path

အထူးဟင်းလျာပြင်ဆင်ပြီး Family Dinner ကို ပြင်ဆင်ပါ။

ပုံမှန်ချက်မစားဖြစ်တဲ့ အထူးစပါယ်ရှယ် ဟင်းလျာလေးတွေ ကိုယ်တိုင်ချက်ပြီး မိသားစု အတူတူစားရင်း၊ အနာဂတ်အကြောင်းကို ဆွေးနွေး ပြောပြပါ။ ကိုယ်တိုင်ကလည်း သေချာနားထောင်ပေးပါ။
Cooking
Dotted Line Path

Staycation/ Daycation သွားပါ။

သီးသန့်တစ်ရက် အချိန်ဖယ်ပြီး နှစ်ယောက်အတူ တစ်ညအိပ် မြို့တွင်းမှာပဲ Staycation ထွက်တာမျိုး၊ နေ့ချင်းပြန် Daycation ထွက်တာမျိုး ပြုလုပ်ပါ။
Staycation
Dotted Line Path

Spa Date ပါ။

အမျိုးသားနဲ့ Spa Date ကြည့်ပါ။ ပင်ပန်းနွမ်းနယ်သမျှ အချိန်ပိုင်းလေး အတူတူ အနားယူရင်း အချိန်ကုန်ဆုံးကြည့်တာက နှစ်ဦးသားအတွက် အနားယူချိန်လေး ပိုရစေသလို၊ စိတ်ကြည်လင် အနားရစေပါတယ်။
Spa
Dotted Line Path

Family Bucket List

Family Bucket List ဆိုတာ နှစ်ဦးသား ဖြစ်ချင်တဲ့ အရာလေးတွေ ဆန္ဒရှိတဲ့ ဝါသနာလေးတွေ (ဥပမာ – ခရီးသွားမယ် ရည်ရွယ်ထားတဲ့ နေရာ တစ်ခုခု၊ စားသောက် ဆိုင် အသစ်၊ ရုပ်ရှင်ကား အသစ်၊ ဝယ်မယ်စိတ်ကူးထားတဲ့ ပစ္စည်းအသစ်၊ Learning လုပ်ချင်တဲ့ အရာတစ်ခုခု စတဲ့အရာလေးတွေ) ကို List အနေနဲ့ ချရေးထားပြီး အတူတူလုပ်ဆောင်ရန် တိုင်ပင်ဆွေးနွေးပါ။
Bucket List
Dotted Line Path

နှစ်ယောက်တည်းအတွက် အချိန်းသီးသန့်ဖယ်ပါ။

မိသားစုနဲ့အတူတွဲနေတာ (သို့) သားသား၊ မီးမီး တွေနဲ့ အမြဲ တူတူရှိနေတတ်တဲ့ ဖေဖေ မေမေတို့အနေနဲ့ နှစ်ဦးသား အချိန်လေးသီးသန့်ရအောင် ဖန်တီးပါ။ အပေါ်က activities လေးတွေ အပြင်၊ နှစ်ဦးသား သီးသန့် ချစ်ကြည်နူးစရာ အခိုက်အတန့်လေးတွေကို မကြာခဏ ဖန်တီးပေးပါ။
Private Time
Dotted Line Path

အမှတ်တရ နေ့လေးတွေ အမြဲ အမှတ်တရနဲ့ ချစ်သက်လက်ဆောင်လေးတွေပေးပါ။

အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ခင်ပွန်းဆီကပဲ လိုချင်တာတွေ ပူဆာတာမျိုးမဟုတ်ဘဲ၊ ကိုယ်တိုင်က ခင်ပွန်းအတွက် အမှတ်တရနေ့လေးတွေမှာ လက်ဆောင်သေးသေးလေးတွေကစပြီး surprise လုပ်ပေးတာမျိုး၊ အမှတ်တရ သေချာပြင်ဆင်ပေးတတ်တဲ့ အပြုအမူလေးတွေ လုပ်ပေးပါ။
Gifts
Dotted Line Path

အနာဂတ်ပလန်ကို အမြဲအတူတူကြိုးစားနေကြောင်းပြောပြပါ။

အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်‌ရေးတစ်ခုမှာ ကိုယ်က အိမ်ရှင်မ တာဝန်ယူထားသူလား? ဝင်ငွေရတဲ့ အလုပ်ကို အမျိုးသားနဲ့ တန်းတူ ညီတူ အလုပ် လုပ်နေသူလား? သားသား၊ မီးမီးလေးတွေ တာဝန်ကို ယူထားရသူလား? စသဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံအလိုက် မိသားစု အနာဂတ်အတွက် အတူတူကြိုးစားနေကြောင်းကို ကိုယ့်ခင်ပွန်းကို အမြဲပြောပြပါ။ သူ့ရဲ့ ကြိုးစားရုန်းကန်မှုအတွက်လည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောဆိုပါ။
Conversation
Dotted Line Path

ပြဿနာတိုင်းကို ဖြေရှင်းဖို့ အမြဲ အတူတူရှိနေပြီး တိုင်တိုင်ပင်ပင်ရှိပါ။

အိမ်ထောင်ရေးတစ်ခုမှာ မိသားစုရဲ့ အိမ်တွင်း‌ရေး ပြဿနာတွေအပြင်၊ အခြား လူမှုရေး၊ စီးပွားရေး စတဲ့ ပြဿနာပေါင်းစုံကို ကြုံတွေ့ရစမြဲပါ။ ဒီလိုအခြေအနေတွေတိုင်းမှာ ကိုယ့်ရဲ့ ခင်ပွန်းနဲ့အတွက် တိုင်ပင် အားပေးသူကောင်း အဖြစ်ရှိနေရန် ကြိုးစားပါ။ နားလည်မှုမှုရှိရှိနဲ့ အားပေးတတ်သူ ဖြစ်အောင် ကြိုးစားသင်ယူပါ။
Challenges
Dotted Line Path
၁၀

ချစ်ကြောင်း ထုတ်ပြပါ။ ပြောဆိုပါ။

ကိုယ့်ခင်ပွန်းကို “ချစ်ကြောင်း” မကြာခဏ ပြောဆိုပါ။ ဒါဟာ အလွယ်ကူ အရိုးရှင်းဆုံးအရာလေးတစ်ခုဖြစ်လို့ အမျိုးသမီးတွေအနေနဲ့ မကြာခဏ “ချစ်ကြောင်း” ထုတ်ပြ ဂရုစိုက်ပေးပါ။
Love

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ