လက်မောင်းတွင်းထည့် နှစ်ရှည်ခံသားဆက်ခြားနည်း
(၄) နှစ်အထိ စိတ်ချရသော ရေရှည်ကာကွယ်မှုကို ပေးနိုင်သော Implant နည်းလမ်းဖြစ်ပါသည်။
လက်မောင်းအရေပြားအောက်တွင် ထည့်သွင်းထားသော သေးငယ်သည့် Implant သည် နေ့စဉ်သတိပြုရန်မလိုဘဲ အချိန်ပြည့် လုပ်ဆောင်ပေးကာ သင့်ဘဝပုံစံနှင့် ကိုက်ညီသော လွယ်ကူပြီး ယုံကြည်စိတ်ချရသည့် ကာကွယ်မှုကို ပေးစွမ်းပါသည်။
လိုအပ်သည့်အချိန်တွင် ကျန်းမာရေးဝန်ထမ်း၏ အကူအညီဖြင့် ဖယ်ရှားနိုင်သောကြောင့် သင့်အနာဂတ်ရွေးချယ်မှုများကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။
အမျိုးသမီးတိုင်းတွက် ခေတ်မီလက်မောင်းတွင်းထည့် နှစ်ရှည်သားဆက်ခြားနည်း
- လက်မောင်းအရေပြားအောက်ထည့် ၄ နှစ်ခံ နှစ်ရှည်သားဆက်ခြားနည်းလမ်းဖြစ်ပါသည်။
- သေးငယ်သောအချောင်းလေးနှစ်ချောင်းကို အရေပြားအောက်တွင်ထည့်ထားသောကြောင့်သုံးထားမှန်း မသိသာပါ။
- အလုပ်ရှူပ်သက်သာပြီး ၉၉% ကျော်ထိရောက်စွာကိုယ်ဝန်တားပေးနိုင်ပါသည်။
- ရာသီစသောနေ့ မှစပြီး ၇ ရက်တွင်း လကိမောင်းအရေပြားအောက်ထည့် ကာ စတင် အသုံးပြုနိုင်ပြီး ရာသီစသောနေ့ ၏၇ ရက် ကျော်ပြီး မှထည့်မည်ဆိုလျှင် ပထမ ၇ ရက်ကို အကာအကွယ်တွဲသုံးရပါမည်။