မိသားစုစီမံကိန်းကို သေချာနားလည်ပြီး ကိုယ်တိုင်စီမံနိုင်တဲ့အခါမှာ
- ကိုယ်ပိုင်ရွေးချယ်မှုကို ထိန်းချုပ်နိုင်လာမယ်
မိမိဘဝအချိန်ဇယားအရ ဘယ်အချိန်မှာ ကလေးယူမလဲ၊ ကလေးဘယ်နှစ်ယောက် ယူမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ် စီမံနိုင်ပါတယ်။ - ကျန်းမာရေးကို ကာကွယ်နိုင်မယ်
ကိုယ့်ခန္တာနဲ့ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်ပြီး လုံခြုံတဲ့ သားဆက်ခြား နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ - ဘဝစီမံခန့်ခွဲမှု ပိုလွယ်ကူမယ်
အလုပ်၊ မိသားစု၊ ကိုယ်ပိုင်ရည်မှန်းချက်တွေကို စနစ်တကျ စီမံနိုင်ပြီး စိတ်ဖိစီးမှုလည်း လျော့နည်းပါလိမ့်မယ်။ - မိသားစုအသိုက်အဝန်ကောင်းတစ်ခုကို ဖန်တီးပုံဖော်နိုင်မယ်
ကလေးယူမယ့်အချိန်နဲ့ အရေအတွက်ကို ကိုယ်တိုင်စီမံနိုင်တာကြောင့် မိသားစုဘဝကို တည်ငြိမ်ပြီး စနစ်ကျတဲ့ အသိုက်အဝန်းကောင်းအဖြစ် ဖန်တီးနိုင်ပါတယ်။