နေ့စဉ်ဘဝကို ပိုလှပပြီး အဓိပ္ပါယ်ရှိသလိုမြင်ကြည့်ခြင်းက စိတ်ကျန်းမာစေခြင်းအတွက် အထောက်အကူဖြစ်နိုင်ပါသလား?
နေ့စဉ်ဘဝဟာ အလုပ်၊ ကျောင်း၊ တာဝန်တွေကြားမှာ အချိန်အများစုကို အလိုအလျောက်ဖြတ်သန်းနေမိတတ်ပါတယ်။ ဒီလိုအချိန်မှာ “Romanticize your life” ဆိုတဲ့ အယူအဆဟာ social media မှာ လူငယ်တွေအကြား ပိုပြီးရေပန်းစားလာပါတယ်။
အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ရုပ်ရှင်လို လှပတဲ့အခိုက်အတန့်တွေအဖြစ် မြင်ကြည့်ပြီး သေးငယ်တဲ့အရာတွေထဲကနေ အဓိပ္ပါယ်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခြင်းပါ။
ဥပမာ
- မနက်ခင်းကော်ဖီသောက်တဲ့အချိန်ကို ကိုယ့်အတွက် အေးချမ်းတဲ့ moment လေးတစ်ခုအဖြစ်ခံစားခြင်း
- သွားလာနေတဲ့လမ်းတစ်လျှောက်ကို ကိုယ့်ဘဝဇာတ်လမ်းထဲက scene တစ်ခုလို မြင်ခြင်း
- နေ့စဉ်လုပ်ငန်းတွေကို အလျင်မလိုဘဲ သတိရှိရှိ (mindfully) ဖြတ်သန်းခြင်း
အပြုသဘောဆောင်တဲ့အကျိုးကျေးဇူးများ
Romanticize လုပ်ခြင်းဟာ အရမ်းကြီးအပြောင်းအလဲတစ်ခုမဟုတ်ပေမဲ့ နေ့စဉ်စိတ်ခံစားမှုကို တိုးတက်စေနိုင်ပါတယ်။
- သေးငယ်တဲ့ပျော်ရွှင်မှုတွေကို မြင်တတ်လာခြင်း
- နေ့စဉ်ဘဝထဲက သေးငယ်တဲ့အရာတွေဖြစ်တဲ့ အလင်းရောင်၊ တိတ်ဆိတ်တဲ့အချိန်၊ သက်တောင့်သက်သာရှိတဲ့ moment လေးတွေကို ပိုပြီးသတိထားမိလာစေပါတယ်။
- စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ခြင်း
- အချိန်တိုအတွင်း “အခုဒီအခိုက်အတန့်မှာပဲ ရှိနေခြင်း” ကို အာရုံစိုက်နိုင်တာကြောင့် စိတ်ပင်ပန်းမှုကို လျော့စေနိုင်ပါတယ်။
- ကိုယ့်ဘဝကို တန်ဖိုးထားတတ်လာခြင်း
- ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ ကြိုးစားမှုတွေကို ပိုပြီးအသိအမှတ်ပြုတတ်လာစေပါတယ်။ ဒီလို mindset က self-esteem ကိုလည်း တိုးတက်စေနိုင်ပါတယ်။
ဒါပေမယ့် Romanticizing life က အပြုသဘောဆောင်ပေမယ့် ပြဿနာတွေကို မမြင်ချင်သလို လွှတ်ထားဖို့ မဟုတ်ပါဘူး။
- စိတ်ဖိစီးမှု သို့မဟုတ် အခက်အခဲတွေကို လျစ်လျူရှုခြင်း
- တကယ့်ပြဿနာတွေကို မဖြေရှင်းဘဲ ခဏတာ escape လုပ်ခြင်း
ဒီလိုအရာတွေက ရေရှည်မှာ စိတ်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။
Romanticizing life ဆိုတာ
- ဘဝကို လှပအောင် ဖန်တီးဖို့ပဲ မဟုတ်ဘဲ
- ကိုယ့်ကိုယ်ကို ပိုမိုနူးညံ့စွာ ဆက်ဆံဖို့
- နေ့စဉ်ဘဝထဲက သေးငယ်တဲ့အလှတွေကို တွေ့မြင်တတ်ဖို့ ဖြစ်ပါတယ်
တစ်ဖက်မှာလည်း
- ကိုယ့်ရဲ့အခက်အခဲတွေကို လက်ခံတတ်ဖို့
- လိုအပ်ရင် အကူအညီရှာဖို့
- တာဝန်တွေကို တဖြည်းဖြည်းတည်ငြိမ်စွာ ဖြေရှင်းဖို့ လည်း အရေးကြီးပါတယ်