သားဆက်ခြားသောက်ဆေး

တစ်နေ့တစ်ကြိမ် သောက်သုံးရုံဖြင့် ယုံကြည်စိတ်ချရသော သားဆက်ခြားမှုကို ရရှိနိုင်ပါသည်။ ဆေးလုံးများသည် သင့်ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်များနှင့် ကိုက်ညီစွာ လုပ်ဆောင်ပေးပြီး သားဆက်ခြားရန်နှင့် ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေရန် ကူညီပေးနိုင်ပါသည်။

သင့်ဘဝပုံစံနှင့် ကိုက်ညီသည့်အချိန်တွင် စတင်အသုံးပြုနိုင်ပြီး လိုအပ်သည့်အခါ ရပ်တန့်နိုင်သောကြောင့် လွယ်ကူအဆင်ပြေပြီး ယုံကြည်စိတ်ချရသော သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။

အရည်အသွေးကောင်းမွန်ပြီးစျေးနှုန်း သက်သာတဲ့ နေ့စဥ် သောက်သားဆက်ခြားဆေး လေဒီယာ ဖိုင်း

  • ဟော်မုန်းအနည်းငယ်သာပါဝင်သောဖော်မြူလာနဲ့ ထုတ်လုပ်ထားပြီး ဟော်မုန်းနှစ်မျိူးပါဝင်ပါသည်။
  • ၂၈လုံးပါဝင်ပြီး သံဓာတ်အားဆေး၇ လုံးပါဝင်ပါသည်။
  • ဆေးကဒ် တစ်ကဒ်နှင့် တစ်ကဒ်ကြားနားရန်မလိုပါ။
  • နေ့စဥ် အချိန်မှန်သောက်ရပါမည်။
  • ရာသီစသောနေ့ မှစပြီး ၅ ရက်တွင်း စ သောက်ရပါမည်။ရာသီစသောနေ့၏ ၅ ရက် ကျော်ပြီး မှ စသောက်လျှင် ပထမ ၇ ရက်ကို  အကာအကွယ်တွဲသုံးရပါမည်။

နို့တိုက်မိခင်များတွက် ရွေးချယ်စရာနေ့စဥ်သောက်ဆေး လေဒီယာ လာတာ

နို့တိုက်မိခင်များအတွက်အထူးရည်ရွယ်ထုတ်လုပ်ထားသောနေ့စဥ် သောက်သားဆက်ခြားဆေးဖြစ်ပါသည်။

  • ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးတည်းပါဝင်ခြင်းကြောင့် နို့ထွက်နှုန်းကိုအနှောက်အယှက်မဖြစ်စေပဲကိုယ်ဝန်တားပေးနိုင်ပြီး အီစထရိုဂျင်နှင့် မတည့် သောအမျိုးသမီးများလည်း စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
  • ၂၈ လုံးပါဝင်သည်။
  • ဆေးကဒ် တစ်ကဒ်နှင့် တစ်ကဒ်ကြားနားဖို့မလိုပါ။
  • နေ့စဥ် အချိန်မှန်သောက်ရပါမည်။
  • ရာသီစသောနေ့ မှစပြီး ၅ ရက်တွင်း စ သောက်ရပါမည်။ရာသီစသောနေ့ ၏၅  ရက် ကျော်ပြီး မှ စသောက်လျှင် ပထမ ၇ ရက်ကို  အကာအကွယ်တွဲသုံးရပါမည်။

ဝက်ခြံပြသာနာတွေသက်သာပြီး သောက်ဆေးအဖြစ်လည်းအသုံးပြုနိုင်တဲ့ နေ့စဥ်သောက်ဆေး လေဒီယာ ကလျာ

  • ဟော်မုန်းကြောင့် ဖြစ်တဲ့ ဝက်ခြံပြသာနာများနှင့် အမွှေးအမျှင်များသောပြသာနာများက်ိုသက်သာစေပါသည်။
  •  ၂၁ လုံးပါဝင်ပါသည်။
  • ဆေးကဒ်တစ်ကဒ်ကုန်လျှင်  ၇ ရက် ဆေးသောက်တာကိုနားပြီး ၈ ရက် မြောက်နေ့တွင် ဆေးကဒ်အသစ်ပြန်စ သောက်ရပါမည်။
  • နေ့စဥ် အချိန်မှန် သောက်ရပါမည်။
  • ရာသီစသောနေ့ မှစပြီး ၅ ရက်တွင်း စ သောက်ရပါမည်။ရာသီစသောနေ့ ၏၅ ရက် ကျော်ပြီး မှ စသောက်လျှင် ပထမ ၇ ရက်ကို  အကာအကွယ်တွဲသုံးရပါမည်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ