နို့တိုက်မိခင်များတွက် ရွေးချယ်စရာနေ့စဥ်သောက်ဆေး လေဒီယာ လာတာ
နို့တိုက်မိခင်များအတွက်အထူးရည်ရွယ်ထုတ်လုပ်ထားသောနေ့စဥ် သောက်သားဆက်ခြားဆေးဖြစ်ပါသည်။
- ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးတည်းပါဝင်ခြင်းကြောင့် နို့ထွက်နှုန်းကိုအနှောက်အယှက်မဖြစ်စေပဲကိုယ်ဝန်တားပေးနိုင်ပြီး အီစထရိုဂျင်နှင့် မတည့် သောအမျိုးသမီးများလည်း စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
- ၂၈ လုံးပါဝင်သည်။
- ဆေးကဒ် တစ်ကဒ်နှင့် တစ်ကဒ်ကြားနားဖို့မလိုပါ။
- နေ့စဥ် အချိန်မှန်သောက်ရပါမည်။
- ရာသီစသောနေ့ မှစပြီး ၅ ရက်တွင်း စ သောက်ရပါမည်။ရာသီစသောနေ့ ၏၅ ရက် ကျော်ပြီး မှ စသောက်လျှင် ပထမ ၇ ရက်ကို အကာအကွယ်တွဲသုံးရပါမည်။