သားအိမ်တွင်းထည့် နှစ်ရှည်ခံ သားဆက်ခြားနည်း လေဒီယာ IUD
- ဟော်မုန်းမပါဝင် သော သားအိမ်တွင်းထည့်သားဆက်ခြားနည်းလမ်းဖြစ်ပါသည်။
- T ပုံသဏ္ဍာန်၊ Y ပုံသဏ္ဍာန် မြင်းခွာပုံသဏ္ဍာန် နှင့် မွေးဖွားပြီးစ အမျိုးသမီး များ အသုံးပြုနိုင်သည့် T ပုံသဏ္ဍာန် IUD ဆိုပြီး အမျိုးအစား ၄ မျိုး ရှိပါသည်။
- > ၉၉% ကျော်ထိကိုယ်ဝန်တားပေးနိုင်ပါသည်။
- အမျိုးအစားပေါ် မူတည်ပြီး ၅ နှစ်/၁၀ နှစ် ကိုယ်ဝန်တားပေးနိုင်ပါသည်။
- နို့တိုက်မိခင်များလဲ အသုံးပြုလို့ရပါသည်။
- ကိုယ်အလေးချိန် ပြောင်းလဲခြင်း Menstrual Cycle ပြောင်းလဲခြင်းမျိုးမဖြစ် စေပါ။
- အရွယ််ရောက်ပြီးသောအမျိုးသမီးတိုင်း အသက်အရွယ်တိုင်းနှင့် သင့်လျော်ပါသည်။