အတူနေပြီးနောက် အမျိုးသမီးများ ဆီးသွားရန် ဘာကြောင့်လိုအပ်တာလဲ?
အတူနေပြီးတဲ့နောက်မှာ sex-related UTI (urinary tract infection) ဖြစ်နိုင်တာကို လျော့နည်းစေဖို့ ဆီးသွားသင့်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းပေါက်ဟာ စအိုအနီးနားမှာရှိလို့ bacteria ဝင်ရောက်ရလွယ်ပါတယ်။ ဒါကြောင့် အတူနေပြီးတိုင်းမှာ ဆီးအရင်သွားပြီးမှ ရေနဲ့သေချာ ဆေးကြောသန့်စင်ခြင်းက ဘတ်တီးရီးယားတွေကို အတိုင်းအတာတစ်ခုအနေနဲ့ ဖယ်ရှားနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆီးသွားသင့်တာလဲ?
သတိပြုရမှာက
- အတူနေပြီးနောက် ဆီးသွားခြင်းဟာ ကိုယ်ဝန်ကို ကာကွယ်ပေးခြင်းမဟုတ်ပါဘူး။
- လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ဆိုင်တဲ့ ရောဂါများကိုသာ အထိုက်အလျောက် ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။