ဓမ္မတာနဲ့ မိန်းမကိုယ်အရည်ဆင်းခြင်းအကြောင်း

ဓမ္မတာနဲ့ မိန်းမကိုယ်အရည်ဆင်းခြင်းအကြောင်း

ယောနိအရည် (Vaginal Discharge) ဆိုတာဘာလဲ?

ယောနိအရည်ဆိုတာက အမျိုးသမီးရဲ့ မျိုးပွားကျန်းမာရေးအတွက် အရေးကြီးတဲ့ သဘာဝအရည် တစ်မျိုးပါ။ ဆေးဘက်အရ သားအိမ်နဲ့ ယောနိမှ ထွက်လာတဲ့ အရည်ကို စုစည်းပြီး ခေါ်တာဖြစ်ပြီး၊ အဲဒီမှာ ဆဲလ်များ၊ ဘက်တီးရီးယား၊ အချွဲရည် နဲ့ ရေ တို့ ပေါင်းစပ်ထားပါတယ်။

ယောနိအရည်ရဲ့ အဓိက အကျိုးကျေးဇူးတွေက –

ယောနိအရည်အမျိုးမျိုးထဲမှာ အထူးသဖြင့် သားအိမ်ခေါင်းအချွဲရည် (Cervical Mucus) ဟာ သန္ဓေသားဆောင်နိုင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ်ရဲ့ ဒီအချက်ကို နားလည်ထားရင် သားအိမ်ကျန်းမာရေးကို ထိန်းသိမ်းနိုင်သလို၊ မိသားစုစီမံကိန်းကို တည်ဆောက်ချင်တဲ့အခါမှာလည်း အထောက်အကူဖြစ်စေမှာပါ။

သားအိမ်ခေါင်းအချွဲရည် (Cervical Mucus) ဆိုတာဘာလဲ

သားအိမ်ခေါင်းအချွဲရည် (Cervical Mucus / Cervical Fluid) ဆိုတာ သားအိမ်ခေါင်းက ထုတ်လုပ်တဲ့ သဘာဝအရည် ဖြစ်ပါတယ်။
လစဉ် ဟော်မုန်းပြောင်းလဲမှုကြောင့် (အဓိကအားဖြင့် အိုက်စထရိုဂျင် နဲ့ ပရိုဂျက်စတင် ဟော်မုန်းများကြောင့်) သားအိမ်ခေါင်းအချွဲရည်ရဲ့

ပြောင်းလဲသွားပြီး ဒီလိုပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်နိုင်စွမ်း အတွက် အထောက်အကူဖြစ်စေတဲ့ သဘာဝ လက္ခဏာများပဲဖြစ်ပါတယ်။

သားအိမ်ခေါင်းအချွဲရည် ပြောင်းလဲမှုတွေ ဘာတွေကြောင့်ဖြစ်နိုင်သလဲ?

ဟော်မုန်းပြောင်းလဲမှု : အိုက်စထရိုဂျင် နဲ့ ပရိုဂျက်စတင် ဟော်မုန်းတွေက အချွဲထုတ်လုပ်မှုကို ထိန်းညှိပါတယ်။
ဆေးဝါးများ : ကိုယ်ဝန်တားဆေး၊ allergy ကုသဆေးနဲ့ အခြားဆေးဝါးအချို့ကလည်း အချွဲထုတ်လုပ်မှုကို ပြောင်းစေနိုင်ပါတယ်။
အစားအစာ နဲ့ ရေသောက်ခြင်း : နေ့စဉ်ပုံမှန် အစားအသောက်စားတာ၊ ရေသောက်တာတွေကနေရရှိတဲ့ အစာအဟာရ အကျိုးကျေးဇူးတွေကနေလည်း အချွဲအရည်ကို ပြောင်းလဲစေနိုင်ပါတယ်။
ရောဂါ/ STI များ : လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါ (STIs) သို့မဟုတ် မိန်းမကိုယ် မှိုပိုးဝင်ခြင်းကလည်း အရည်အရောင်၊ အနံ့၊ ပမာဏတို့ကို ပြောင်းလဲစေနိုင်ပါတယ်။
ကျန်းမာရေးအခြေအနေများ : PCOS (Polycystic Ovary Syndrome) သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် thyroid ပြဿနာများက ဟော်မုန်းချိန်ညှိမှုကို ထိခိုက်စေနိုင်ပြီး သားအိမ်ခေါင်းအချွဲရည် ထုတ်လုပ်မှုကိုလည်း သက်ရောက်စေနိုင်ပါတယ်။

သားအိမ်ခေါင်းအချွဲ လစဉ်အခြေအနေ

အချိန်ကာလ အခြေအနေ
သွေးဆင်းခြင်း (1-5 ရက်) အချွဲနည်း/မတွေ့ရ
သွေးဆင်းပြီးနောက် (6-9 ရက်) ခြောက်သွေ့ပြီး sticky အနည်းငယ်
Pre-ovulation (10-12 ရက်) ပို creamy, အရည်ပမာဏပို
Ovulation (13-15 ရက်) ရေရှည်, ပေါက်ပြတ်, အဖြူရောင် egg-white လို – “fertile mucus”
Post-ovulation (16-21 ရက်) ပိုထူပြီး အရည်နည်းလာ
Pre-menstruation (22-28 ရက်) အချွဲနည်း၊ sticky နည်း – မျိုးစေမှုနည်း

အကြံပြုချက်

ရာသီလာပြီးနောက် (၁၃ ရက် မှ ၁၅ ရက်) ဟာ ကိုယ်ဝန်ရနိုင်ခြေ အများဆုံး အချိန်ဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ