မိန်းမကိုယ် အဖြူဆင်းခြင်းနှင့် ယားယံခြင်းအကြောင်း

မိန်းမကိုယ် အဖြူဆင်းခြင်းနှင့် ယားယံခြင်းအကြောင်း

မိန်းမကိုယ်မှ အဖြူဆင်းခြင်းဟာ သဘာဝအရ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ မိန်းမကိုယ် အဖြူဆင်းခြင်းက သဘာဝနည်းအရ မိန်းမကိုယ် သန့်ရှင်းကျန်းမာအောင်နဲ့ သားအိမ် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနေတဲ့ သဘာဝ အရည် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အမျိုးသမီးတစ်ယောက်အတွက် နေ့ဒဓူဝ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့အထိ ယားယံလာတာ၊ အနံ့ဆိုးလာတာ၊ အဖြူရောင် မဟုတ်ဘဲ အခြား အရောင် (အစိမ်းရောင်၊ အဝါရောင်၊ မှိုကဲ့သို့ အညိုရောင်) စသဖြင့် ရှိလာပြီ ဆိုရင်တော့ သေချာ စိစစ်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတွေ အဖြူဆင်းခြင်းနဲ့ ပတ်သက်လို့ ဘယ်လိုလက္ခဏာ အခြေအနေတွေက ဘာဖြစ်နိုင်မလဲဆိုတာကို အောက်မှာ ဇယားလေးနဲ့ နားလည်လွယ်အောင် ဖော်ပြပေးထားပါတယ်။

အရည်အမျိုးအစားနှင့်အရောင် ဖြစ်နိုင်သည့်လက္ခဏာ အခြားလက္ခဏာ
အညိုရောင် (သို့) ကော်ဖီကဲ့သို့ အရောင် လစဉ် ဓမ္မတာ စက်ဝန်း မမှန်ခြင်း ( သို့) သားအိမ်ခေါင်းကင်ဆာ (သို့) သားအိမ်တွင်းပြဿနာရှိနေခြင်း။ ဝမ်းဗိုက်အောင်ပိုင်းနာကျင်ပြီး၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း။
မှိုရောင် (သို့) ဝါဖျော့ဖျော့အရောင် ဂိုနိုရီးယား (Gonorrhea) ဝမ်းဗိုက်အောင်ပိုင်းနာကျင်ပြီး၊ ဆီးမထိန်းနိုင်ခြင်း။
အစိမ်းရောင် (သို့) အဝါရောင် အနံ့ဆိုးရှိခြင်း ထရီကိုမိုနီယာစစ် (trichomoniasis) ဆီးသွားတဲ့ချိန် နာကျင်မှုရှိခြင်း။ မိန်းမကိုယ် ယားယံခြင်း။
ပန်းရောင် မွေးဖွားပြီးနောက် သားအိမ်တွင်းမှ သွေးဆင်းခြင်း (Lochia) အစိုင်အခဲ သွေးဆင်းခြင်း။
ပစ်ခဲသော အဖြူရောင် (ဒိန်ခဲလို ပုံစံ) ယိစ်ရောဂါ (Yeast infection) မိန်းမကိုယ်အပြင်ပိုင်း နီရဲ ရောင်ယမ်းပြီး နာကျင်ခြင်း။ ယားယံခြင်းနဲ့အတူ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်း။
အစိမ်းရောင်၊ အဝါရောင် ငါးညှီနံ့ကဲ့သို့ အနံ့ဆိုးရှိခြင်း ဘတ်တီးရီးယား မညီမျှမှု မိန်းမကိုယ်အပြင်ပိုင်း နီရဲ ရောင်ယမ်းခြင်း။ ယားယံ နာကျင်ခြင်း။ ဆီးသွားတဲ့အခါတိုင်းမှာ ပူစပ်ခြင်း။

အမျိုးသမီးအများစု ဖြစ်လေ့ရှိတတ်တဲ့ မိန်းမကိုယ် ပိုးဝင်ခြင်း က ဘယ်အချက်တွေကြောင့်လဲ?

မိန်းမကိုယ် ရောင်ယမ်းခြင်းနဲ့ ပိုးဝင်ခြင်းကို အဓိက ဖြစ်နိုင်တဲ့အကြောင်းပြချက်အချို့ကတော့

၁။ မိန်းမကိုယ် စိုစွတ်နေရာမှ ပိုး ဝင်ရောက်နိုင်ခြင်း။ (ရေကူးဝတ်စုံကဲ့သို့ ရေစို အဝတ်များဖြင့် ကြာကြာနေခြင်း၊ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားများနဲ့ အချိန်ကြာကြာ နေမိခြင်း)

၂။ ပိုးသတ်ဆေးနဲ့ အခြား သော ဆေးအချို့ကြောင့် မိန်းမကိုယ် အဖြူဆင်းများလာရာမှ တစ်ဆင့် ပိုးဝင်ရောက်နိုင်ခြင်း။

၃။ ကိုယ်ဝန်တားဆေးကဲ့သို့ ဟော်မုန်းပါဝင်တဲ့ ဆေးအချို့ကြောင့် အချို့အမျိုးသမီးတွေမှာ အဖြူဆင်းများရာမှ သေချာ သန့်ရှင်းမှု မပြုလုပ်နိုင်တဲ့အခါမှာ မိန်းမကိုယ်အတွင်း ပိုး ဝင်ရောက်နိုင်ခြင်း။

၄။ Toilet သွားပြီးတိုင်းမှာ မိန်းမကိုယ် သန့်ရှင်း‌ခြောက်သွေ့အောင် မပြုလုပ်နိုင်တဲ့အခါ အခက်မသင့်ရင် မိန်းမကိုယ်အတွင်း “ပိုး” ဝင်ရောက်နိုင်ခြင်း။

၅။ ကိုယ်ခံအားကျဆင်းနိုင်စေတဲ့ အခြား ရောဂါအခံ ရှိသူတွေအတွက် ဖြစ်နိုင်ချေရှိပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ