၂၀၂၆ ခုနှစ်သင်္ကြန်အမှတ်တရပုံရိပ်များ

DKT ရုံးတွင် ၂၀၂၆ သင်္ကြန်ကို ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ အတူတကွ ကျင်းပခဲ့ကြပါတယ်။ ရေသဘင်ရဲ့ အလှတရားနဲ့ မြန်မာ့ယဉ်ကျေးမှုကို မျှဝေခံစားခဲ့တဲ့ အမှတ်တရနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ရိုးရာအတိုင်း ရေလောင်းခြင်းအခမ်းအနားကို စတင်ခဲ့ပြီး နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောကာ နှစ်သစ်ကို သန့်ရှင်းစွာ ကြိုဆိုခဲ့ကြပါတယ်။

ရယ်မောသံများနှင့် ပျော်ရွှင်မှုများကြားမှာ ဝန်ထမ်းများအချင်းချင်း ပိုမိုနီးကပ်စွာ ရေကစားရင်း အတူပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရအချိန်လေးတွေဖြစ်ခဲ့ပါတယ်။

ဒီလိုအတူတကွ ကျင်းပခြင်းက အဖွဲ့အတွင်း ညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး နှစ်သစ်ကို အားသစ်၊ စိတ်သစ်နဲ့ စတင်နိုင်စေခဲ့ပါတယ် 🌟

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုခြင်း

၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အထိမ်းအမှတ်အဖြစ် လေဒီယာ မြန်မာက စီစဉ်ခဲ့တဲ့ “ပုံဖော်ခြယ်သ အမျိုးသမီးတို့ဘဝ” ပွဲလေးကို ပျော်ရွှင်စွာနဲ့ အတူတူ ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲလေးမှာ “ပုံဖော်ခြယ်သ အမျိုးသမီးတို့ဘဝ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Panel Discussion တစ်ခုလည်း ပါဝင်ခဲ့ပြီး Panelist တွေက သူတို့ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း မျှဝေခဲ့ကြတာကြောင့် လာရောက်ပါဝင်သူတွေအတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပွဲတစ်လျှောက်လုံးမှာ booth activities ပျော်စရာလေးတွေကိုလည်း စီစဉ်ပေးထားတာကြောင့် လူတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲနိုင်ခဲ့ကြပါတယ်။

လေဒီယာ မြန်မာအနေနဲ့လည်း အမျိုးသမီးတွေရဲ့ ဘဝအတွေ့အကြုံတွေကို မျှဝေဖို့၊ အားပေးဖို့၊ တန်ဖိုးထားဖို့ ရည်ရွယ်ပြီး ဒီလို meaningful event လေးတွေကို ဆက်လက်ဖန်တီးသွားမယ်လို့ မျှော်လင့်ပါတယ်။

အတူတကွ ရှေ့ဆက်ရင်း ပိုမိုကျန်းမာသော အနာဂတ်ကို ဖန်တီးကြပါစို့

တိုးတက်မှုတိုင်းဟာ ရည်ရွယ်ချက်ကောင်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်မှုကနေ စတင်လာတာပါ။

နှစ်ဝက်ကာလအတွင်း ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များတွင် အတူတကွ လက်တွဲပူးပေါင်းပေးခဲ့ကြသူများအားလုံး၏ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပံ့ပိုးပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါတယ်။

အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ယုံကြည်စိတ်ချရသော လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် အရည်အသွေးမြင့် မိသားစုစီမံကိန်းဆိုင်ရာ ဖြေရှင်းနည်းများကို ပိုမိုလက်လှမ်းမီစေရန် ဆောင်ရွက်နိုင်ခဲ့ပြီး အမျိုးသမီးများ၊ အမျိုးသားများနှင့် စုံတွဲများအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များကို ယုံကြည်မှုရှိစွာ ချမှတ်နိုင်ရန် အထောက်အကူပြုနိုင်ခဲ့ပါတယ်။

ရှေ့ဆက်သွားမည့် ကာလများတွင်လည်း အဓိပ္ပာယ်ရှိသော အစီအစဉ်များ၊ ယုံကြည်စိတ်ချရသော အသိပညာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကျွန်ုပ်တို့၏ အကျိုးသက်ရောက်မှုကို ဆက်လက်တိုးချဲ့သွားရန် ကတိပြုထားပါသည်။

ကျွန်ုပ်တို့၏ ခရီးလမ်းတွင် အတူတကွ လက်တွဲပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ အတူတကွ မှန်ကန်သော အသိပညာများကို မျှဝေရင်း ပိုမိုကျန်းမာသော အနာဂတ်ကို ဆက်လက်ဖန်တီးသွားကြပါစို့။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ