သားဆက်ခြားနည်းလမ်းများ နှင့် အမျိုးအစားများ

မိသားစုစီမံကိန်းနဲ့ ပတ်သက်လို့ သင့်အတွက်ကိုက်ညီမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ သားဆက်ခြား နည်းလမ်းများစွာ ရှိပါတယ်။ မိမိဘဝ အခြေအနေ၊ အချိန်ဇယား၊ ကျန်းမာရေး အခြေအနေများအရ သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

မိသားစုစီမံကိန်းဆိုတာဘာလဲ?

Family Planning ဆိုတာက မိမိဘဝအတွက် “ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေး ဘယ်နှစ်ယောက်ယူမလဲ” စတဲ့ အစီအစဉ်ကို ကိုယ်တိုင်စဉ်းစားပြီး ဆုံးဖြတ်နိုင်ခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့၊ အလုပ်၊ မိသားစု၊ ကိုယ်ပိုင်ရည်မှန်းချက်တွေကို မျှတအောင်စီမံနိုင်ဖို့ မိသားစုစီမံကိန်း (Family Planning) က အရေးကြီးပါတယ်။

ဒါ့အပြင် ကိုယ်နဲ့ကိုက်ညီတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ရွေးချယ်ထားခြင်းက မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကိုယ့်ဘဝကို ယုံကြည်မှုရှိရှိ ဆက်လက်တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။

မိသားစုစီမံကိန်းက (Family Planning) ကိုယ့်ရဲ့ ရွေးချယ်မှုပါ။ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုစီမံကိန်းဟာ ဘာကြောင့် အရေးကြီးတာလဲ?

မိသားစုစီမံကိန်းဆိုတာက အမျိုးသမီးတစ်ယောက်အတွက် ကလေး မွေးဖွားချိန်ကိုသာ ဆုံးဖြတ်တာမဟုတ်ဘဲ၊ အမျိုးသမီးတစ်ယောက်ရဲ့  ကျန်းမာရေး၊ အခွင့်အရေးနဲ့ ဘဝအရည်အသွေးကို ကာကွယ်ပေးတဲ့ အရေးကြီးကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုစီမံကိန်းကို သေချာနားလည်ထားပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်စီမံနိုင်တဲ့အခါမှာဆိုရင် “ကိုယ်ရောစိတ်ရော” ကျန်းမာစေတဲ့အပြင်၊ အမျိုးသမီးတွေဘဝအတွက် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ပညာရေးနဲ့ အခြားရည်မှန်းချက် အခွင့်အလမ်းတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် “မိသားစု စီမံကိန်း” ကို သေချာ အစီစဉ်ချပြီး မလုပ်ဆောင်ထားတဲ့အခါ အချိန်တိုအတွင်းမှာဖြစ်စေ၊ မမျှော်လင့်ထားဘဲဖြစ်စေ “ကိုယ်ဝန်” ဆက်တိုက် ရသွားတဲ့အခါမျိုးမှာ စိတ်ပင်ပန်း၊ လူပင်ပန်းစေရုံမက မိခင်အတွက်လည်း အန္တာရယ်ဖြစ်စေနိုင်ပါတယ်။

နောက်ပြီး မိသားစုစီမံကိန်းဆိုတာက မိသားစုဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် မိဘများအနေနဲ့ ကိုယ့်ဘဝနေထိုင်မှု ပုံစံနဲ့ ကိုက်ညီတဲ့  ကလေးအရေအတွက်ကို စီမံကိန်းရေးဆွဲနိုင်ခြင်းကြောင့် ကလေးတစ်ဦးချင်းစီအတွက် အာဟာရ၊ ပညာရေးနဲ့ စောင့်ရှောက်မှုအပြင် နွေးထွေးကြင်နာမှု၊ ဂရုစိုက်ချစ်ချင်မှုတို့ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်မှာပါ။

ဒါကြောင့် မိသားစုစီမံကိန်းနဲ့ ပတ်သက်လို့ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ “လေဒီယာ” ရဲ့  အရည်အသွေးမြင့် သားဆက်ခြား နည်းလမ်း အဖြာဖြာကို စဉ်းစား ရွေးချယ်နိုင်ပါတယ်။ လေဒီယာမှာ အရေးပေါ်သားဆက်ခြားဆေး (Emergency Pills) ၊ နေ့စဉ်သောက် သားဆက်ခြားဆေး (Oral Contraceptive Pills) တွေဖြစ်တဲ့ Lydia Fine, Lydia Lacta, Lydia Clair အပြင် (၃) လခံထိုးဆေး (Lydia Andalan)၊ (၄) နှစ်ခံ လက်မောင်းတွင်းထည့် Lydia Implanex II နဲ့ သားအိမ်တွင်းထည့် နှစ်ရှည်ခံ (၅ နှစ်မှ ၁၀ နှစ်) Lydia IUD စတဲ့ နည်းလမ်းအဖြာဖြာထဲမှ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုက မိသားစုစီမံကိန်းဆိုတာ အမျိုးသမီးတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ မိမိကိုယ်ခန္ဓာ မိမိဘဝအတွက် ဆုံးဖြတ်ခွင့် ရရှိခြင်းဟာ အမျိုးသမီးတိုင်းအတွက် ယုံကြည်မှုပိုတိုးစေသလို၊ မိသားစုအသိုင်းအဝန်းအတွက်လည်း အားကိုး အားထားပြုရမှာ အသေအချာပါပဲ။

ဒါကြောင့် မိသားစုစီမံကိန်ဆိုတာဟာ ကျန်းမာတဲ့ အမျိုးသမီးများ၊ မိသားစုများနဲ့ လူမှုအသိုင်းအဝန်းများကို ဖန်တီးပေးနိုင်တဲ့ အရေးကြီးဆုံး အခြေခံအချက်တစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုစီမံကိန်းရဲ့ အကျိုးကျေးဇူးများ

မိသားစုစီမံကိန်းကို သေချာနားလည်ပြီး ကိုယ်တိုင်စီမံနိုင်တဲ့အခါမှာ

  • ကိုယ်ပိုင်ရွေးချယ်မှုကို ထိန်းချုပ်နိုင်လာမယ်
    မိမိဘဝအချိန်ဇယားအရ ဘယ်အချိန်မှာ ကလေးယူမလဲ၊ ကလေးဘယ်နှစ်ယောက် ယူမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ် စီမံနိုင်ပါတယ်။
  • ကျန်းမာရေးကို ကာကွယ်နိုင်မယ်
    ကိုယ့်ခန္တာနဲ့ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်ပြီး လုံခြုံတဲ့ သားဆက်ခြား နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
  • ဘဝစီမံခန့်ခွဲမှု ပိုလွယ်ကူမယ်
    အလုပ်၊ မိသားစု၊ ကိုယ်ပိုင်ရည်မှန်းချက်တွေကို စနစ်တကျ စီမံနိုင်ပြီး စိတ်ဖိစီးမှုလည်း လျော့နည်းပါလိမ့်မယ်။
  • မိသားစုအသိုက်အဝန်ကောင်းတစ်ခုကို ဖန်တီးပုံဖော်နိုင်မယ်
    ကလေးယူမယ့်အချိန်နဲ့ အရေအတွက်ကို ကိုယ်တိုင်စီမံနိုင်တာကြောင့် မိသားစုဘဝကို တည်ငြိမ်ပြီး စနစ်ကျတဲ့ အသိုက်အဝန်းကောင်းအဖြစ် ဖန်တီးနိုင်ပါတယ်။

လက်မထပ်ဘဲ အတူနေထိုင်သောဆက်ဆံရေး

Co-Living Relationship တစ်နည်းအားဖြင့် လက်မထပ်ဘဲ အတူတကွ တစ်အိမ်တည်း အတူနေထိုင်ခြင်း

ဒီဘက်ခေတ်ကာလမှာ သမီးရည်းစားတွေ ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုသေးဘဲ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်၊ ပိုရင်းနှီးမှုရှိအောင် အချိန်ကာလတစ်ခုအထိ Co-Living Relationship ကို ရွေးချယ်နေထိုင်လာကြပါတယ်။

Co-Living ဆက်ဆံရေးဆိုတာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင် ကြင်နာမှုတို့နဲ့အတူ အနီးကပ် နွေးထွေးစွာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိသားစု ဘဝတစ်ခုကို မထူထောင်မီ တစ်ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို နားလည်ပေးနိုင်ပြီလား? တစ်ဦး အပေါ် တစ်ဦး သစ္စာရှိရှိ ချစ်ခင်ကြင်နာနိုင်ပြီလား။ စိတ်ရှည်သည်းခံရဲ့လား။ အကျင့်စာရိတ္တကောင်းမွန်ရဲ့လား။ တာဝန်ယူစိတ် ရှိတတ်သူလား။ တစ်ယောက်အပေါ် တစ်ယောက် ညှာတာစိတ်ရှိရဲ့လား။ ဒါတွေအားလုံးကို အနီးကပ် အတူတူနေကြည့်ရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုသိလာပြီး နားလည် လက်ခံနိုင်လာမှာပါ။

နှစ်ဦးသဘောတူ Co-Living Relationship ကို ရွေးချယ်ကြပြီဆိုရင် မိသားစု စီမံကိန်းကို မေ့ထားလို့မရပါဘူး။ အရေးကြီးဆုံး ထည့်စဉ်းစားရမယ့် မိသားစု စီမံကိန်းအစီအစဉ်ကို ကိုယ့်ရဲ့ life partner နဲ့  တစ်အိမ်တည်း အတူတူမနေမီ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် သားသမီးရတနာလေးတွေ ယူဖို့ အခြေခံအကျဆုံး အချိန်အတိုင်းအတာ၊ လက်ထက်ထိမ်းမြားမယ့် အချိန်၊ နှစ်ဦးသားရဲ့ ငွေကြေးအခြေအနေ၊ ကျန်းမာရေး၊ ရည်မှန်းချက်၊ အနာဂတ် ပလန် စတဲ့ အချက်လေးတွေကို သေချာ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ဘယ်နည်းလမ်းက ကိုယ့်အတွက် ပိုအဆင်ပြေ သင့်တော်လဲဆိုတာ အပေါ်က အခြေခံ မေးခွန်းလေးတွေရဲ့ အဖြေကို တိတိကျကျ သိထားရင် ရွေးချယ်လို့ လွယ်ကူပါပြီ။ (ဥပမာ ကိုယ်က သုံး၊ လေးနှစ်လောက် အတူတူနေပြီးမှ လက်ထက်မယ်၊ သားသမီး ယူမယ် လို့တွေးထားတာဆိုရင် နေ့စဉ်သောက်ဆေး၊ ထိုးဆေး၊ long-terms method ဖြစ်တဲ့ လက်မောင်းတွင်းထည့် (၄) နှစ်ခံ Lydia Implenex II စတဲ့ နည်းလမ်းလေးတွေထဲက ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်)။

ဒါကြောင့် Co-Living Relationship ကို တည်ဆောက်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ life partner နဲ့အတူ သေချာတိုင်ပင် ဆွေးနွေးပြီးမှ အဆင်ပြေဆုံး နည်းလမ်းကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ