လ: ဇွန် 2026
အမျိုးသမီးများအတွက် သားဆက်ခြားနည်းလမ်း ရွေးချယ်စရာများ
အမျိုးသမီးများရဲ့ တကယ့်ဘဝ အတွေ့အကြုံများနှင့် အဖြေများ
သားဆက်ခြားနည်းလမ်းများ နှင့် အမျိုးအစားများ
မိသားစုစီမံကိန်းနဲ့ ပတ်သက်လို့ သင့်အတွက်ကိုက်ညီမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ သားဆက်ခြား နည်းလမ်းများစွာ ရှိပါတယ်။ မိမိဘဝ အခြေအနေ၊ အချိန်ဇယား၊ ကျန်းမာရေး အခြေအနေများအရ သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။
အရေးပေါ်သားဆက်ခြားဆေး
“မမျှော်လင့်ထားသော အခြေအနေများအတွက်” ယုံကြည်စိတ်ချရသော အရေးပေါ်ကာကွယ်မှုတစ်ခုဖြစ်ပါသည်။ ပုံမှန်အသုံးပြုနေသော သားဆက်ခြားနည်းကို မသုံးနိုင်ခဲ့ခြင်း သို့မဟုတ် မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာသည့်အခါ ကိုယ်ဝန်မရရှိစေရန် အပိုဆောင်းကာကွယ်မှုအဖြစ် အသုံးပြုနိုင်ပါသည်။ ကိုယ်ဝန်မဖြစ်ပေါ်မီ ကာကွယ်နိုင်ရန် အမြန်ဆုံး သောက်သုံးခြင်းသည် ပိုမိုထိရောက်ပါသည်။
သားဆက်ခြားသောက်ဆေး
တစ်နေ့တစ်ကြိမ် သောက်သုံးရုံဖြင့် ယုံကြည်စိတ်ချရသော သားဆက်ခြားမှုကို ရရှိနိုင်ပါသည်။ ဆေးလုံးများသည် သင့်ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်များနှင့် ကိုက်ညီစွာ လုပ်ဆောင်ပေးပြီး သားဆက်ခြားရန်နှင့် ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေရန် ကူညီပေးနိုင်ပါသည်။
သင့်ဘဝပုံစံနှင့် ကိုက်ညီသည့်အချိန်တွင် စတင်အသုံးပြုနိုင်ပြီး လိုအပ်သည့်အခါ ရပ်တန့်နိုင်သောကြောင့် လွယ်ကူအဆင်ပြေပြီး ယုံကြည်စိတ်ချရသော သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်ပါသည်။
အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ
လိင်ဆက်ဆံခြင်းဆိုတာက ပုထုစဉ်လူသားတိုင်း တွေ့ကြုံနိုင်တဲ့ သဘာဝ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်စရာကောင်းပြီး နီးစပ်မှုရှိစေတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နိုင်သလို တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးရတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ ကျန်းမာရေးကို နားလည်ဂရုစိုက်ရန် အရေးကြီးပါတယ်။
အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုတာ ရောဂါမဖြစ်စေရန်သာမဟုတ်ဘဲ ကာယကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ကိုယ့်ကိုယ်ကို လေးစားမှုတို့အပါအဝင် မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုကာ ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့ နည်းလမ်းလို့ဆိုတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ပါတနာနဲ့ စိတ်တူကိုယ်တူ ဆက်ဆံရေးရှိကြတယ်။ သူရော ကိုယ်ရော နှစ်ယောက်လုံးက သား၊ သမီး ယူဖို့ အဆင်သင့်မဖြစ်ကြသေးဘူး၊ လွတ်လွတ်လပ်လပ်နေချင်ကြသေးတဲ့အခါမျိုးမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အတွက် မှန်ကန်သင့်လျော်ပြီး ကျန်းမာရေးနဲ့ကိုက်ညီမှုရှိတဲ့ သားဆက်ခြားနည်းလမ်းမျိုးကို ရွေးချယ်ထားသင့်တာကို ဆိုလိုတာပါ။
မှန်ကန်သင့်လျော်တဲ့ သားဆက်ခြားနည်းလမ်းတွေအကြောင်း အသေးစိတ်ကိုတော့ ဤလင့်ခ်တွင် Lydia/family-planning-mm/ ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
ဓမ္မတာနဲ့ မိန်းမကိုယ်အရည်ဆင်းခြင်းအကြောင်း
ယောနိအရည် (Vaginal Discharge) ဆိုတာဘာလဲ?
ယောနိအရည်ဆိုတာက အမျိုးသမီးရဲ့ မျိုးပွားကျန်းမာရေးအတွက် အရေးကြီးတဲ့ သဘာဝအရည် တစ်မျိုးပါ။ ဆေးဘက်အရ သားအိမ်နဲ့ ယောနိမှ ထွက်လာတဲ့ အရည်ကို စုစည်းပြီး ခေါ်တာဖြစ်ပြီး၊ အဲဒီမှာ ဆဲလ်များ၊ ဘက်တီးရီးယား၊ အချွဲရည် နဲ့ ရေ တို့ ပေါင်းစပ်ထားပါတယ်။
ယောနိအရည်ရဲ့ အဓိက အကျိုးကျေးဇူးတွေက –
- ယောနိကို ကျန်းမာသန့်ရှင်းစေခြင်း
- သန္ဓေသားဆောင်နိုင်မှု အခြေအနေကို ပြသပေးခြင်း
ယောနိအရည်အမျိုးမျိုးထဲမှာ အထူးသဖြင့် သားအိမ်ခေါင်းအချွဲရည် (Cervical Mucus) ဟာ သန္ဓေသားဆောင်နိုင်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ်ရဲ့ ဒီအချက်ကို နားလည်ထားရင် သားအိမ်ကျန်းမာရေးကို ထိန်းသိမ်းနိုင်သလို၊ မိသားစုစီမံကိန်းကို တည်ဆောက်ချင်တဲ့အခါမှာလည်း အထောက်အကူဖြစ်စေမှာပါ။
သားအိမ်ခေါင်းအချွဲရည် (Cervical Mucus) ဆိုတာဘာလဲ
သားအိမ်ခေါင်းအချွဲရည် (Cervical Mucus / Cervical Fluid) ဆိုတာ သားအိမ်ခေါင်းက ထုတ်လုပ်တဲ့ သဘာဝအရည် ဖြစ်ပါတယ်။
လစဉ် ဟော်မုန်းပြောင်းလဲမှုကြောင့် (အဓိကအားဖြင့် အိုက်စထရိုဂျင် နဲ့ ပရိုဂျက်စတင် ဟော်မုန်းများကြောင့်) သားအိမ်ခေါင်းအချွဲရည်ရဲ့
- အရည်အရောင်
- အရည်ပမာဏ
- အပျစ်၊အကြဲတို့
ပြောင်းလဲသွားပြီး ဒီလိုပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်နိုင်စွမ်း အတွက် အထောက်အကူဖြစ်စေတဲ့ သဘာဝ လက္ခဏာများပဲဖြစ်ပါတယ်။
သားအိမ်ခေါင်းအချွဲရည် ပြောင်းလဲမှုတွေ ဘာတွေကြောင့်ဖြစ်နိုင်သလဲ?
ဟော်မုန်းပြောင်းလဲမှု : အိုက်စထရိုဂျင် နဲ့ ပရိုဂျက်စတင် ဟော်မုန်းတွေက အချွဲထုတ်လုပ်မှုကို ထိန်းညှိပါတယ်။
ဆေးဝါးများ : ကိုယ်ဝန်တားဆေး၊ allergy ကုသဆေးနဲ့ အခြားဆေးဝါးအချို့ကလည်း အချွဲထုတ်လုပ်မှုကို ပြောင်းစေနိုင်ပါတယ်။
အစားအစာ နဲ့ ရေသောက်ခြင်း : နေ့စဉ်ပုံမှန် အစားအသောက်စားတာ၊ ရေသောက်တာတွေကနေရရှိတဲ့ အစာအဟာရ အကျိုးကျေးဇူးတွေကနေလည်း အချွဲအရည်ကို ပြောင်းလဲစေနိုင်ပါတယ်။
ရောဂါ/ STI များ : လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါ (STIs) သို့မဟုတ် မိန်းမကိုယ် မှိုပိုးဝင်ခြင်းကလည်း အရည်အရောင်၊ အနံ့၊ ပမာဏတို့ကို ပြောင်းလဲစေနိုင်ပါတယ်။
ကျန်းမာရေးအခြေအနေများ : PCOS (Polycystic Ovary Syndrome) သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် thyroid ပြဿနာများက ဟော်မုန်းချိန်ညှိမှုကို ထိခိုက်စေနိုင်ပြီး သားအိမ်ခေါင်းအချွဲရည် ထုတ်လုပ်မှုကိုလည်း သက်ရောက်စေနိုင်ပါတယ်။
သားအိမ်ခေါင်းအချွဲ လစဉ်အခြေအနေ
| အချိန်ကာလ | အခြေအနေ |
|---|---|
| သွေးဆင်းခြင်း (1-5 ရက်) | အချွဲနည်း/မတွေ့ရ |
| သွေးဆင်းပြီးနောက် (6-9 ရက်) | ခြောက်သွေ့ပြီး sticky အနည်းငယ် |
| Pre-ovulation (10-12 ရက်) | ပို creamy, အရည်ပမာဏပို |
| Ovulation (13-15 ရက်) | ရေရှည်, ပေါက်ပြတ်, အဖြူရောင် egg-white လို – “fertile mucus” |
| Post-ovulation (16-21 ရက်) | ပိုထူပြီး အရည်နည်းလာ |
| Pre-menstruation (22-28 ရက်) | အချွဲနည်း၊ sticky နည်း – မျိုးစေမှုနည်း |
အကြံပြုချက်
ရာသီလာပြီးနောက် (၁၃ ရက် မှ ၁၅ ရက်) ဟာ ကိုယ်ဝန်ရနိုင်ခြေ အများဆုံး အချိန်ဖြစ်ပါတယ်။
ယောနိ (သားအိမ်) ကျန်းမာရေးကိုဘယ်လိုဂရုစိုက်မလဲ
ယောနိ (သားအိမ်) ကျန်းမာရေးအတွက် နေ့စဉ်ဂရုစိုက်ရန် သိထားသင့်တဲ့ အလွယ်ကူဆုံး အချက်များ
အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်းအောင်ထားခြင်းဟာ ကိုယ့်ရဲ့ သားအိမ်ကျန်းမာရေးကို ဂရုစိုက်ခြင်း တစ်မျိုးပါပဲ။
မိန်းမကိုယ်သန့်ရှင်းအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ?
- အများစုသိကြတဲ့ အမျိုးသမီးသုံး မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာ မိန်းမကိုယ်အပြင်ပိုင်းကို သန့်ရှင်းစေဖို့ အထောက်အကူဖြစ်နိုင်ပေမဲ့ အပြင်ပိုင်းမှာသာ အသုံးပြုသင့်ပါတယ်။
- မိန်းမကိုယ်အတွင်းပိုင်းကိုတော့ သဘာဝအတိုင်း ကိုယ်တိုင် သန့်ရှင်းနိုင်တဲ့ စနစ်ရှိပြီးသားဖြစ်လို့ ဆေးရည်နဲ့ အတွင်းထိ သန့်ရှင်းရန် မလိုအပ်သလို မသုံးသင့်ပါဘူး။
- အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းကတော့ မိန်းမကိုယ်ကို နေ့စဉ် ရေသန့်သန့်နဲ့ သန့်စင်ပေးရင် လုံလောက်ပါပြီ။ (ဆပ်ပြာ သုံးရန် မလိုအပ်ပါဘူး)
- မိန်းမကိုယ် သန့်ရှင်းရေးပြုလုပ်တဲ့အခါမှာ သတိပြုထားသင့်တာက မိန်းမကိုယ်အတွင်းပိုင်း (သားအိမ်လမ်းကြောင်းအတွင်း) ဟာ သဘာဝအတိုင်း ကိုယ်တိုင် သန့်ရှင်းနိုင်တဲ့ စနစ်ရှိပြီးသားဖြစ်တဲ့အတွက် အတွင်းထိ သန့်ရှင်းရေး ပြုလုပ်ရန် မလိုအပ်ပါဘူး။
- မိန်းမကိုယ်သန့်ရှင်းရေး ပြုလုပ်တဲ့အခါမှာလည်း နူးညံ့ညင်သာစွာဖြင့်သာ သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ (မြန်မြန်ဆန်ဆန်ဖြစ်စေ ကြမ်းကြမ်းတမ်းတမ်း သန့်ရှင်းရေး ပြုလုပ်တာတွေက အရေးပြား ပွန်းပဲ့ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်)။
ဘာကြောင့် ဆပ်ပြာကို မိန်းမကိုယ်သန့်ရှင်းရေးအတွက် မသုံးသင့်တာလဲ?
မိန်းမကိုယ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ဆပ်ပြာ၊ Vaginal Mask, Vaginal Scrub စတဲ့ ပစ္စည်းတွေဟာ မိန်းမကိုယ်ရဲ့ သဘာဝ pH အဆင့်ကို ပျက်စီးစေနိုင်ပြီး မိန်းမကိုယ် အတွင်းပိုင်းကို ပိုးမွှားကူးစက်မှု ဖြစ်စေတတ်ပါတယ်။
အမျိုးသားနဲ့ အတူနေတဲ့အခါ မိန်းမကိုယ်ကို ဂရုစိုက်နည်း
| အတူမနေမီ | အတူနေပြီးနောက် |
|---|---|
| ချောဆီ အသုံးပြုမယ်ဆိုရင် အရောင်၊ အနံ့ မပါဝင်တဲ့ သဘာဝ gel type တွေကိုပဲ အသုံးပြုသင့်ပါတယ်။. | ဘက်တီးရီးယားတွေဝင်နိုင်တဲ့အတွက် အတူနေပြီးတိုင်း ဆီးအရင်သွားပါ။ ပြီးနောက် နူးညံငြင်သာစွာ ရေဖြင့် သန့်ရှင်းရေးပြုလုပ်ပါ။ |
မိန်းမကိုယ်ကျန်းမာစေရန်အတွက် သင့်လျော်တဲ့ အဝတ်အစားများ
ယုံကြည်မှုနှင့် မိမိကိုယ်ကို အားကိုးခြင်း
ယုံကြည်မှုနှင့် မိမိကိုယ်ကို အားကိုးခြင်း
ရေရှည်အိမ်ထောင်ရေးဘဝမှာ အမျိုးသမီးအများစုက မိမိနဲ့ ခင်ပွန်းကြားက နွေးထွေးမှုတွေ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ ခံစားရတတ်ကြပါတယ်။ အရင်ကလို စိတ်ချင်းနီးကပ်မှု၊ ရင်းနှီးချစ်ခင်မှုတွေ မရှိတော့သလို၊ ခင်ပွန်းရဲ့ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားမှုတွေလည်း အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာတယ်လို့ ထင်မိနိုင်ပါတယ်။
အထူးသဖြင့် ကလေးရပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ မိသားစုနဲ့ ကလေးကို ဦးစားပေး ပြုစုစောင့်ရှောက်ရင်း အချိန်နဲ့ စွမ်းအင်အများစုကို ပေးအပ်လိုက်ရပါတယ်။ ဒါဟာ သဘာဝကျတဲ့ အရာဖြစ်ပေမယ့်၊ လက်တွဲဖော်နဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ပေးဖို့တော့ ပိုခက်ခဲလာတတ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်အတွက် သီးသန့်အချိန်တွေ မဖန်တီးဖြစ်တော့တဲ့အခါ စိတ်ချင်းနီးစပ်မှု၊ နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတွေဟာလည်း တဖြည်းဖြည်း လျော့နည်းလာနိုင်ပါတယ်။
ဒါပေမယ့် အိမ်ထောင်ရေးကို ပြန်လည်နွေးထွေးလာစေပြီး စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို အားကောင်းလာစေဖို့ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ သုတေသနတွေနဲ့ အိမ်ထောင်ရေးဆိုင်ရာ လေ့လာချက်တွေအရ ရိုးရှင်းပေမယ့် အဓိပ္ပာယ်ရှိတဲ့ အပြုအမူလေးတွေကို နေ့စဉ်ဘဝထဲမှာ လက်တွေ့ကျင့်သုံးပေးရုံနဲ့ ဇနီးမောင်နှံနှစ်ဦးကြားက နွေးထွေးမှုကို ပြန်လည်တည်ဆောက်နိုင်ပြီး၊ ပိုမိုပျော်ရွှင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အိမ်ထောင်ရေးဘဝကို အတူတကွ ဖန်တီးနိုင်ပါတယ်။
အမျိုးသမီးများ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ နေထိုင်ခြင်း
အမျိုးသမီးတွေဟာ ပတ်ဝန်းကျင်းရဲ့ စကားသံတွေနဲ့အတူ ကိုယ့်ကိုယ်ကို အမြဲနှိုင်းယှဉ်မှု ပြုလုပ်တတ်ကြသူတွေပါ။ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် ခံယူချက်နဲ့အတူ ယုံကြည်မှုရှိရှိ ရှင်သန်ဖြတ်သန်းနိုင်ဖို့ဆိုတာ လွယ်မလို့နဲ့ တကယ်တမ်း ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသမီးတွေဖြစ်နေတဲ့အလျောက် ဒီနိုင်ငံ ဒီ ယဉ်ကျေးမှုအစဉ်အလာမှာ ဂရုစိုက်နေရတဲ့ အချက်တွေ အကြောင်းအရာတွေ အများကြီး ရှိသေးတာကြောင့်ပါပဲ။
အမျိုးသမီးတစ်ယောက်အနေနဲ့ အများဆုံး ဂရုစိုက်တာဟာ သူ့ရဲ့ မိဘ၊ မောင်နှမ သားချင်း၊ ချစ်သူ၊ ခင်ပွန်း စတဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိနေတဲ့ မိသားစု တွေရဲ့ အတွေးအခေါ်၊ အမြင်၊ အယူအဆ လွှမ်းမိုးမှုတွေအပါအဝင်၊ ဆွေးမျိုးသားချင်း၊ ဘေးပတ်ဝန်းကျင် ရဲ့ လွှမ်းမိုးမှုတွေ ဒဏ်ကိုပါ ခံကြရတာရှိပါတယ်။
အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ရဲ့ အစက “ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့” က စတာပါပဲ။ ကိုယ်ကြိုက်တာ/ မကြိုက်တာကို သေချာသိထားခြင်းက ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားပြီး ဂရုစိုက် ချစ်တတ်ခြင်း တစ်မျိုးပါပဲ။ နောက်တစ်ခုက ပွင့်ပွင့်လင်းလင်း စကားပြောတတ်ဖို့လိုပါတယ်။ ဘယ်နေရာ ဘယ်ဒေသမှာမဆို အပေါ်က ကိုယ်ကြိုက်တာ/ မကြိုက်တာတွေကို ပွင့်လင်းမှုရှိရှိ ပါးနပ်စွာ ပေါင်းသင်းပြောဆိုတတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိလာပြီးသား ဖြစ်စေမှာပါ။

“Night Out” ထွက်ပြီး လွတ်လွတ်လပ်လပ် ပျော်ချင်တဲ့ အမျိုးသမီးငယ်များအတွက်
လူကြီးမိဘတွေ အများစု ပြောလေ့ရှိတာ မိန်းကလေးတွေ ညဘက်အပြင်ထွက်တာ မသင့်တော်ဘူး၊ တစ်ခုခု ဖြစ်မယ် စသဖြင့် စိုးရိမ်ပူပန်စိတ်တွေနဲ့ တားမြစ်ခံရတဲ့အခါ၊ ဒီဘက်ခေတ် အမျိုးသမီးငယ်တွေအနေနဲ့ Party မှာ စိတ်လွတ်ကိုယ်လွတ် ကဲနိုင် ပျော်နိုင်ဖို့ ကိုယ့်ကိုစိတ်ပူပေးတဲ့ စိုးရိမ်းပေးတဲ့ သူတွေနဲ့ အတိုက်အခံ အနည်းအများလုပ်ရတာလဲ စိတ်ဖိစီးမှု တစ်ခုပါပဲ။
အချို့မှာတော့ အေးအေးဆေးဆေးထွက်လို့ရတယ်၊ အချို့မှာတော့ အတိုက်အခံလုပ်ပြီးမှ “Night Out” ထွက်လို့ရတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် ကဲချင်၊ ပျော်ချင်ကြတာဟာ သဘာဝပါပဲ။ ဒါပေမဲ့ စည်းနဲ့ဘောင်နဲ့ ပျော်တတ်ဖို့၊ အပျော်ကနေ အပျက်မဖြစ်စေဖို့က တစ်ဦးတစ်ယောက်ချင်းစီရဲ့ စည်းကမ်းရှိမှု၊ အကျင့်စာရိတ္တ၊ ကိုယ်ချင်းစာနာစိတ် ဒါတွေနဲ့ သက်ဆိုင်ပါတယ်။
အရေးကြီးဆုံးအချက်က အချိန်မတိုင်သေးခင်၊ ကျောင်းတွေမပြီးခင်၊ ရည်မှန်းချက်တွေ မပြည့်သေးမီမှာ မမျှော်လင့်ဘဲ ကိုယ့်ရဲ့ချစ်သူနဲ့ အပျော်လွန်ပြီး အတူတူနေမိရင်းကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်ရအောင်တော့ ကာကွယ်တဲ့ နည်းလမ်းတွေအကြောင်းကို လေ့လာထားဖို့ လိုအပ်ပါတယ်။
တစ်ညတာ အပျော်လေးတွေကနေ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးက ငယ်ငယ်ရွယ်ရွယ် ကြိုးစားရုန်းကန်ရမယ့် အရွယ်တွေမှာ တစ်ဘဝစာလုံး မိခင်၊ ဖခင် အဖြစ် တာဝန် ယူနိုင်ဖို့ဆိုတာ အင်မတန်မှ ရာခိုင်နှုန်းနည်းပါးလှပါတယ်။
ဒါကြောင့် အမျိုးသမီးငယ်လေးတွေ မရှက်သင့် မကြောက်သင့်ဘဲ သိထားသင့်တဲ့ အရာတွေထဲမှာ လွတ်လွတ်လပ်လပ် အတူတူနေပြီး “ကလေး” ယူဖို့ အဆင်သင့်မဖြစ်သေးကြရင် ဘယ်လို နည်းလမ်းတွေနဲ့ အန္တာရယ် ကင်းကင်း လုံခြုံမှုရှိရှိ ကာကွယ်တားဆီးနိုင်မလဲဆိုတာပါပဲ။
လေဒီယာရဲ့ ဝမ်းဆေ့ အရေးပေါ်တားဆေးဟာဆိုရင် မမျှော်လင့်ဘဲ အကာကွယ်မဲ့ အတူနေမိပြီးတဲ့နောက်မှာ သောက်ရမယ့် အဖြူရောင်တစ်လုံးတည်းဆေးပဲဖြစ်ပါတယ်။ Lydia 1Safe နဲ့ ပတ်သက်လို့ အသေးစိတ်ကို ဒီမှာဖတ်ရှုပါ။ [link attached to 1safe product info]
ကိုယ်ရော ကိုယ့်ရဲ့ ပါတနာ (ချစ်သူ) အတွက်ပါ အန္တာရယ် ကင်းကင်း ပူပင်ကြောင့်ကြမှု မရှိ ချစ်နိုင်ဖို့ အမျိုးသမီးငယ်လေးများ ကိုယ့်ကိုယ်ကို ဘေးကင်လုံခြုံစေဖို့ ယုံကြည်မှုရှိစေဖို့ ဒီနည်းလမ်းတွေကို ကြိုတင် လေ့လာထားတာဟာ အကောင်းဆုံးပါပဲ။

အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု
အိမ်ထောင်ကျပြီးသား အမျိုသမီးတွေအနေနဲ့ဆို အရင် အပျိုဘဝကလို လွတ်လွတ်လပ်လပ် သွားလာလို့ မရတာတွေ၊ ဝတ်စားဆင်ယင်မှုအပေါ် အကန့်အသတ်တွေနဲ့အတူ သား၊ သမီး ယူတာ/ မယူတာ အဆုံး ပတ်ဝန်ကျင်ရဲ့ လွှမ်းမိုး ဝေဖန်ခံရတာတွေ ပိုများပါတယ်။
အဲ့လိုအခါမျိုးက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ အမျိုးသမီးတွေအနေနဲ့ သိမ်ငယ်စိတ်ဝင်တာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေနဲ့အတူ စိတ်ဖိစီးမှုကို ခံရပါတော့တယ်။
“ကိုယ့်ကိုယ်ကို” ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အနာဂတ်ပလန်ကို သေချာနားလည်ထားတဲ့အခါမျိုးမှာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်လွှမ်းမိုးမှုတွေ အားလုံးအပေါ် စိတ်ဖိစီးမှု သက်ရောက်စေမှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ရဲရင့်ထက်မြက်တဲ့ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်နိုင်စွမ်းကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ စော်ကားပြောဆိုတာ မလုပ်ရဲလို့ပါပဲ။
စောန စကားကို ပြန်ဆက်ရင် အိမ်ထောင်ရှင်အမျိုးသမီးတွေ အိမ်ထောင်ကျပြီးတဲ့နောက် တာတွေထဲက တစ်ခုက သားသမီးမယူကြသေးဘူးလားဆိုတဲ့ မေးခွန်းပါပဲ။ ဒါကလည်း ဒီ Culture မှာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။
ဒီလိုမျိုးအခြေအနေတွေမှာလည်း ကိုယ်က မိသားစု စီမံကိန်းအကြောင်း သေချာ နားလည်အောင် ပြန်လည်ရှင်းပြ ပြောပြနိုင်မယ်ဆိုရင် အပေါ်က မေးခွန်းမျိုးအတွက် စိတ်ဖိစီးမှု ဖြစ်စရာ မရှိတော့ပါဘူး။ ဒါဆိုရင် မိသားစုစီမံကိန်းဆိုတာ ဘာလဲ ဆိုပြီး မေးစရာ ပြန်ရှိပါပြီ။
မိသားစုစီမံကိန်းအကြောင်း အသေးစိတ်ကိုတော့ အောက်ပါလင့်ခ် မှာ ဖတ်ရှုကြည့်နိုင်ပါတယ်။
Lydia/family-planning/
အနှစ်ချုပ်ပြောရရင်တော့ အမျိုးသမီးတွေအားလုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ နေထိုင်ဖို့ဆို ကိုယ့်ရဲ့ စိတ် ၊ ကိုယ့်ရဲ့ ခန္တာ နှစ်ရပ်လုံးက အနားယူဖို လိုအပ်နေလား? အနာဂတ်မှာ ဘာတွေဖြစ်ချင်ပါတယ်ဆိုတဲ့ အခြေခံ အချက်လေးတွေကို သေချာသိနားလည်ထားဖို့ပါပဲ။ ဒါမှလည်း ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို ယုံကြည်မှုရှိရှိ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရုန်းကန်နိုင်မှာပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ ဘယ်လိုအခြေမှာပဲ ဖြစ်ဖြစ် သားသမီးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ အခါမျိုးမှာ Lydia ရဲ့ ကာကွယ်မှု နည်းလမ်းအဖြာဖြာအကြောင်း နှစ်ကိုယ်ကြားလေး ဆွေးနွေးတိုင်ပင်လိုက်ပါ။
