အိမ်ထောင်ရေးရဲ့ ပျော်ရွှင်ရယ်မောမှုကို ပြန်လည်ဖန်တီးလိုက်ပါ

နေ့စဉ်ဘဝထဲက နှစ်ကိုယ်တူ ရင်ခုန်မှုတွေ ပြန်ရဖို့

အမျိုးသမီးတွေအနေနဲ့ နှစ်ကာလရှည်ကြာပြီဖြစ်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသားနဲ့ နှစ်ကိုယ်ကြား နွေးထွေးထွေး မရှိတော့တာ၊ အချင်းချင်း ရင်းနှီးမှု လျော့နည်းလာတာ၊ အမျိုးသားက ကိုယ့်အပေါ် စိတ်ဝင်စားမှု လျော့နည်းလာတာမျိုး တွေ့ကြုံရတတ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ သားသမီးရသွားကြတဲ့အခါမှာ သားသမီးအပေါ် အာရုံပိုစိုက်ရတာများတဲ့အတွက် အမျိုးသားအပေါ် အချိန်သေချာမပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက နှစ်ဦးသားအတွက် သီးသန့်အချိန် မရှိကြ၊ မပေးနိုင်ကြရာကနေ နွေးထွေးပျော်ရွှင်မှုတွေ လျော့နည်းလာတတ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ချစ်ခင်ကြင်နာစ အိမ်ထောင်ရေးတစ်ခုအဖြစ် ပြန်အသက်သွင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းအချို့ရှိပါတယ်။ သုတေသန စစ်တမ်းတွေအရ ဒီနည်းလမ်းလေးအချို့က ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက် အမျိုးသားကို ပိုနွေးထွေးလာစေသလို၊ နွေးထွေးပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခု ပြန်ဖြစ်စေဖို့ အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

နှစ်ယောက်သား အချိန်ပေးပြီးဝါသနာပါရာလေးတွ တူတူလုပ်ကြည့်ပါ။

Gym အတူတူဆော့တာ၊ ကြက်တောင်ရိုက်တာ၊ ဂိမ်းအတူတူ ဆော့တာ၊ ရေ အတူတူကူးတာ စသဖြင့် activities လေးတွေ လုပ်ကြည့်ပါ။

Hobbies


Dotted Line Path

အထူးဟင်းလျာပြင်ဆင်ပြီး Family Dinner ကို ပြင်ဆင်ပါ။

ပုံမှန်ချက်မစားဖြစ်တဲ့ အထူးစပါယ်ရှယ် ဟင်းလျာလေးတွေ ကိုယ်တိုင်ချက်ပြီး မိသားစု အတူတူစားရင်း၊ အနာဂတ်အကြောင်းကို ဆွေးနွေး ပြောပြပါ။ ကိုယ်တိုင်ကလည်း သေချာနားထောင်ပေးပါ။

Cooking


Dotted Line Path

Staycation/ Daycation သွားပါ။

သီးသန့်တစ်ရက် အချိန်ဖယ်ပြီး နှစ်ယောက်အတူ တစ်ညအိပ် မြို့တွင်းမှာပဲ Staycation ထွက်တာမျိုး၊ နေ့ချင်းပြန် Daycation ထွက်တာမျိုး ပြုလုပ်ပါ။

Staycation


Dotted Line Path

Spa Date ပါ။

အမျိုးသားနဲ့ Spa Date ကြည့်ပါ။ ပင်ပန်းနွမ်းနယ်သမျှ အချိန်ပိုင်းလေး အတူတူ အနားယူရင်း အချိန်ကုန်ဆုံးကြည့်တာက နှစ်ဦးသားအတွက် အနားယူချိန်လေး ပိုရစေသလို၊ စိတ်ကြည်လင် အနားရစေပါတယ်။

Spa


Dotted Line Path

Family Bucket List

Family Bucket List ဆိုတာ နှစ်ဦးသား ဖြစ်ချင်တဲ့ အရာလေးတွေ ဆန္ဒရှိတဲ့ ဝါသနာလေးတွေ (ဥပမာ – ခရီးသွားမယ် ရည်ရွယ်ထားတဲ့ နေရာ တစ်ခုခု၊ စားသောက် ဆိုင် အသစ်၊ ရုပ်ရှင်ကား အသစ်၊ ဝယ်မယ်စိတ်ကူးထားတဲ့ ပစ္စည်းအသစ်၊ Learning လုပ်ချင်တဲ့ အရာတစ်ခုခု စတဲ့အရာလေးတွေ) ကို List အနေနဲ့ ချရေးထားပြီး အတူတူလုပ်ဆောင်ရန် တိုင်ပင်ဆွေးနွေးပါ။

Bucket List


Dotted Line Path

နှစ်ယောက်တည်းအတွက် အချိန်းသီးသန့်ဖယ်ပါ။

မိသားစုနဲ့အတူတွဲနေတာ (သို့) သားသား၊ မီးမီး တွေနဲ့ အမြဲ တူတူရှိနေတတ်တဲ့ ဖေဖေ မေမေတို့အနေနဲ့ နှစ်ဦးသား အချိန်လေးသီးသန့်ရအောင် ဖန်တီးပါ။ အပေါ်က activities လေးတွေ အပြင်၊ နှစ်ဦးသား သီးသန့် ချစ်ကြည်နူးစရာ အခိုက်အတန့်လေးတွေကို မကြာခဏ ဖန်တီးပေးပါ။

Private Time


Dotted Line Path

အမှတ်တရ နေ့လေးတွေ အမြဲ အမှတ်တရနဲ့ ချစ်သက်လက်ဆောင်လေးတွေပေးပါ။

အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ခင်ပွန်းဆီကပဲ လိုချင်တာတွေ ပူဆာတာမျိုးမဟုတ်ဘဲ၊ ကိုယ်တိုင်က ခင်ပွန်းအတွက် အမှတ်တရနေ့လေးတွေမှာ လက်ဆောင်သေးသေးလေးတွေကစပြီး surprise လုပ်ပေးတာမျိုး၊ အမှတ်တရ သေချာပြင်ဆင်ပေးတတ်တဲ့ အပြုအမူလေးတွေ လုပ်ပေးပါ။

Gifts


Dotted Line Path

အနာဂတ်ပလန်ကို အမြဲအတူတူကြိုးစားနေကြောင်းပြောပြပါ။

အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်‌ရေးတစ်ခုမှာ ကိုယ်က အိမ်ရှင်မ တာဝန်ယူထားသူလား? ဝင်ငွေရတဲ့ အလုပ်ကို အမျိုးသားနဲ့ တန်းတူ ညီတူ အလုပ် လုပ်နေသူလား? သားသား၊ မီးမီးလေးတွေ တာဝန်ကို ယူထားရသူလား? စသဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံအလိုက် မိသားစု အနာဂတ်အတွက် အတူတူကြိုးစားနေကြောင်းကို ကိုယ့်ခင်ပွန်းကို အမြဲပြောပြပါ။

သူ့ရဲ့ ကြိုးစားရုန်းကန်မှုအတွက်လည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောဆိုပါ။

Conversation


Dotted Line Path

ပြဿနာတိုင်းကို ဖြေရှင်းဖို့ အမြဲ အတူတူရှိနေပြီး တိုင်တိုင်ပင်ပင်ရှိပါ။

အိမ်ထောင်ရေးတစ်ခုမှာ မိသားစုရဲ့ အိမ်တွင်း‌ရေး ပြဿနာတွေအပြင်၊ အခြား လူမှုရေး၊ စီးပွားရေး စတဲ့ ပြဿနာပေါင်းစုံကို ကြုံတွေ့ရစမြဲပါ။

ဒီလိုအခြေအနေတွေတိုင်းမှာ ကိုယ့်ရဲ့ ခင်ပွန်းနဲ့အတွက် တိုင်ပင် အားပေးသူကောင်း အဖြစ်ရှိနေရန် ကြိုးစားပါ။ နားလည်မှုမှုရှိရှိနဲ့ အားပေးတတ်သူ ဖြစ်အောင် ကြိုးစားသင်ယူပါ။

Challenges


Dotted Line Path

၁၀

ချစ်ကြောင်း ထုတ်ပြပါ။ ပြောဆိုပါ။

ကိုယ့်ခင်ပွန်းကို “ချစ်ကြောင်း” မကြာခဏ ပြောဆိုပါ။ ဒါဟာ အလွယ်ကူ အရိုးရှင်းဆုံးအရာလေးတစ်ခုဖြစ်လို့ အမျိုးသမီးတွေအနေနဲ့ မကြာခဏ “ချစ်ကြောင်း” ထုတ်ပြ ဂရုစိုက်ပေးပါ။

Love

၂၀၂၆ ခုနှစ်သင်္ကြန်အမှတ်တရပုံရိပ်များ

DKT ရုံးတွင် ၂၀၂၆ သင်္ကြန်ကို ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ အတူတကွ ကျင်းပခဲ့ကြပါတယ်။ ရေသဘင်ရဲ့ အလှတရားနဲ့ မြန်မာ့ယဉ်ကျေးမှုကို မျှဝေခံစားခဲ့တဲ့ အမှတ်တရနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ရိုးရာအတိုင်း ရေလောင်းခြင်းအခမ်းအနားကို စတင်ခဲ့ပြီး နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောကာ နှစ်သစ်ကို သန့်ရှင်းစွာ ကြိုဆိုခဲ့ကြပါတယ်။

ရယ်မောသံများနှင့် ပျော်ရွှင်မှုများကြားမှာ ဝန်ထမ်းများအချင်းချင်း ပိုမိုနီးကပ်စွာ ရေကစားရင်း အတူပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရအချိန်လေးတွေဖြစ်ခဲ့ပါတယ်။

ဒီလိုအတူတကွ ကျင်းပခြင်းက အဖွဲ့အတွင်း ညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး နှစ်သစ်ကို အားသစ်၊ စိတ်သစ်နဲ့ စတင်နိုင်စေခဲ့ပါတယ် 🌟

မျှော်မှန်းချက်

ကလေးတိုင်းကို ကြိုဆိုလက်ခံသော၊ လူတိုင်း ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပြီး မိမိတို့၏ ဘဝနှင့် အနာဂတ်ကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်သော ကမ္ဘာတစ်ခု။

ရည်မှန်းချက်

DKT သည် လူတစ်ဦးချင်းစီနှင့် စုံတွဲများအတွက် မိသားစုစီမံကိန်းနှင့် HIV/AIDS ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဈေးနှုန်းသင့်တင့်စွာ၊ လွယ်ကူစွာ လက်လှမ်းမီနိုင်စေရန် လူမှုစျေးကွက်ရှာဖွေရေး နည်းလမ်းများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။

ကျွန်ုပ်တို့ကုမ္ပဏီ

မြန်မာနိုင်ငံရှိ [Sexual and Reproductive Health and Rights – SRHR]  မျိုးဆက်ပွားကျန်းမာရေးကဏ္ဍများတွင် ဦးဆောင်လှုပ်ရှားနေသော လူမှုအကျိုးပြု စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ လူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မိမိ၏ ကိုယ်ခန္ဓာ၊ ကျန်းမာရေးနှင့် ဘဝအရည်အသွေးဆိုင်ရာ ကိစ္စရပ်များအပေါ် အသိပညာအခြေပြု၍ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဈေးနှုန်းသင့်တင့်စွာ၊ လွယ်ကူစွာ လက်လှမ်းမီနိုင်စေရန် ကူညီပံ့ပိုးပေးလျက်ရှိသည်။ ယင်းမှတစ်ဆင့် လူတစ်ဦးချင်းစီအနေဖြင့် မိမိတို့၏ မျိုးဆက်ပွားကျန်းမာရေးကို ပိုမိုသိရှိနားလည်ပြီး ကိုယ်တိုင်တာဝန်ယူ စီမံခန့်ခွဲနိုင်စေရန် အားပေးကူညီလျက်ရှိသည်။

အများပြည်သူအသိပညာပေး လှုပ်ရှားမှုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ဆန်းသစ်သည့် ဖြေရှင်းနည်းများမှတစ်ဆင့်၊ လူတိုင်း မိမိတို့၏ ကျန်းမာရေးနှင့် ဘဝရွေးချယ်မှုများအပေါ် အသိပညာပြည့်ဝပြီး ယုံကြည်မှုရှိစွာ ဆုံးဖြတ်နိုင်စေရန် ကူညီပံ့ပိုးလျက်ရှိသည်။

Which method is right for me?

Choosing the right method depends on your lifestyle, health history, and future pregnancy plans. It is recommended to consult with a healthcare professional to discuss your specific needs.

What if I miss a daily pill?

If you miss a pill, take it as soon as you remember. If it is close to the time for your next pill, follow the specific instructions on your pill pack or consult your doctor.

လက်မောင်းတွင်းထည့် နှစ်ရှည်ခံသားဆက်ခြားနည်း

(၄) နှစ်အထိ စိတ်ချရသော ရေရှည်ကာကွယ်မှုကို ပေးနိုင်သော Implant နည်းလမ်းဖြစ်ပါသည်။
လက်မောင်းအရေပြားအောက်တွင် ထည့်သွင်းထားသော သေးငယ်သည့် Implant သည် နေ့စဉ်သတိပြုရန်မလိုဘဲ အချိန်ပြည့် လုပ်ဆောင်ပေးကာ သင့်ဘဝပုံစံနှင့် ကိုက်ညီသော လွယ်ကူပြီး ယုံကြည်စိတ်ချရသည့် ကာကွယ်မှုကို ပေးစွမ်းပါသည်။

လိုအပ်သည့်အချိန်တွင် ကျန်းမာရေးဝန်ထမ်း၏ အကူအညီဖြင့် ဖယ်ရှားနိုင်သောကြောင့် သင့်အနာဂတ်ရွေးချယ်မှုများကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။

ယုံကြည်မှုနဲ့ ခိုင်မာမှုကို တည်ဆောက်ထားတဲ့ အမျိုးသမီးတွေရဲ့ အလေ့အကျင့် (၈) ချက်

တချို့အမျိုးသမီးတွေကို ကြည့်လိုက်ရင် သူတို့ရဲ့ ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ အပြုအမူတွေက ပတ်ဝန်းကျင်ကိုပါ အားဖြည့်ပေးနိုင်တာကို သတိထားမိကြမှာပါ။

သူတို့ဟာ အော်ဟစ်ပြီး အာဏာပြတတ်လို့ မဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ်ပိုင်တန်ဖိုးနဲ့ ရပ်တည်တတ်လို့ လူတွေက လေးစားရခြင်းဖြစ်ပါတယ်။

ဒီလို စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေမှာ အများအားဖြင့် တွေ့ရတဲ့ အရာတွေကတော့

ကိုယ့်ကိုယ်ကို အားကောင်းအောင် ရွေးချယ်ထားတယ်

ဘဝမှာ ကြောက်ရွံ့မှု၊ မလုံခြုံမှု၊ စိတ်ဖိစီးမှုတွေ မဖြစ်ဖူးတဲ့သူ မရှိပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့သူတွေက အခက်အခဲတွေကြားထဲမှာတောင် ကိုယ့်ကိုယ်ကို မပျက်စီးစေဖို့ ဆုံးဖြတ်ထားကြတယ်။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်တန်ဖိုး မကျစေရဘူးဆိုတဲ့ စိတ်ရှိကြပါတယ်။

ကိုယ့်ရပ်တည်ချက်ကို သိတယ်

ကိုယ် ဘာကို ယုံကြည်တယ်၊ ဘာကို လက်ခံတယ်ဆိုတာ သိထားတဲ့သူတွေဟာ အခြားသူရဲ့ အမြင်ကြောင့် လွယ်လွယ် မပြောင်းလဲသွားကြပါဘူး။ သူတို့ဟာ ကိုယ့်တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ဘဝကို တည်ဆောက်ဖို့ ကြိုးစားတတ်ကြပြီး အချိန်အလိုက် ကိုယ့်အတွေးအခေါ်တွေကိုလည်း ပြန်သုံးသပ်တတ်ကြပါတယ်။

“ကျော်ဖြတ်နိုင်မယ်” ဆိုတဲ့ ယုံကြည်ချက်ရှိတယ်

အခက်အခဲတွေကြုံလာတိုင်း “ငါ မလုပ်နိုင်တော့ဘူး” လို့ မတွေးဘဲ “ဒီထက်ခက်တဲ့ အချိန်တွေလည်း ဖြတ်ကျော်ဖူးတယ်” ဆိုတဲ့ အတွေ့အကြုံကို အားယူတတ်ကြတယ်။ သူတို့အတွက် အတိတ်က ဒဏ်ရာတွေဟာ အားနည်းချက်မဟုတ်ဘဲ ပိုမိုခိုင်မာလာစေတဲ့ သင်ခန်းစာတွေ ဖြစ်လာပါတယ်။

မသင့်တော်တဲ့အရာတွေကို လက်လွှတ်တတ်တယ်။

လူတစ်ယောက်ဖြစ်ဖြစ်၊ အခြေအနေတစ်ခုဖြစ်ဖြစ် အတင်းဆွဲထားလေလေ ပိုဝေးသွားတတ်တာကို နားလည်ထားကြတယ်။ ဒါကြောင့် မသင့်တော်တော့တဲ့အရာတွေကို လက်လွှတ်နိုင်ဖို့ သင်ယူထားကြပါတယ်။ နာကျင်မှု မရှိတာမဟုတ်ပေမဲ့ အဲ့ဒီနာကျင်မှုကို လက်ခံပြီး ရှေ့ဆက်သွားနိုင်ကြတယ်။

ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတတ်တယ်

စာဖတ်တာ၊ ကျန်းမာရေးဂရုစိုက်တာ၊ skill အသစ်တွေ သင်ယူတာ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူတာ — ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ပေးတဲ့အရာတွေကို အရေးကြီးတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့အတွက် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တာဟာ အကောင်းဆုံး investment တစ်ခုပဲ ဖြစ်ပါတယ်။

Toxic Relationship တွေကို လွှတ်ချတတ်တယ်

Relationship တိုင်းမှာ ကြိုးစားမှုလိုအပ်ပေမယ့် ကိုယ့်စိတ်ကို နေ့တိုင်းပင်ပန်းစေတဲ့ ဆက်ဆံရေးတွေကိုတော့ မဖမ်းထားကြဘူး။ ကိုယ့်ဘဝကို အဆိပ်ဖြစ်စေတဲ့ relationship တစ်ခုထဲမှာ ဆက်နေတာက ကိုယ့်ပျော်ရွှင်မှုကို တဖြည်းဖြည်း ဖျက်ဆီးနေတာနဲ့ တူတယ်ဆိုတာ သူတို့သိကြပါတယ်။

ခိုင်မာမှုနဲ့ ရိုင်းပျမှုကို မရောထွေးဘူး

တကယ်ခိုင်မာတဲ့သူတွေဟာ အခြားသူတွေကို အောက်ချ မဆက်ဆံကြဘူး။ သူတို့မှာ နူးညံ့မှု၊ နားထောင်ပေးနိုင်မှု၊ စာနာတတ်မှုတွေ ရှိနေတတ်ပါတယ်။ ကိုယ့်အတွက် ရပ်တည်တတ်သလို အခြားသူကိုလည်း လေးစားပေးတတ်တာက တကယ့် strength ဖြစ်ပါတယ်။

ကိုယ့်တန်ဖိုးကို သိပြီး ကာကွယ်တတ်တယ်

စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဟာ အမြဲ confident ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မှာ “ငါ့မှာ တန်ဖိုးရှိတယ်” ဆိုတဲ့ အခြေခံယုံကြည်ချက် ရှိပါတယ်။ ဘယ်လိုဆက်ဆံမှုမျိုးကို လက်ခံမယ်၊ ဘယ်လိုအရာကို မလက်ခံဘူးဆိုတာ သိပြီး ကိုယ့်ကို တန်ဖိုးမထားတဲ့နေရာတွေကနေ ထွက်ခွာနိုင်ကြတယ်။

ပျော်ရွှင်ပြီး စိတ်ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ အလေ့အကျင့် (၁၂) ချက်

အမျိုးသမီးတစ်ယောက်အတွက် ကောင်းမွန်တဲ့ဘဝကို ဘယ်လိုနေရမလဲ

အမျိုးသမီးတစ်ယောက်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာတဲ့ဘဝကို ရရှိဖို့ဆိုတာ ကြီးမားတဲ့အရာတွေမလိုပါဘူး။ နေ့စဉ်ဘဝထဲမှာ လုပ်နိုင်တဲ့ သေးငယ်တဲ့အပြောင်းအလဲတွေကပဲ သင့်ဘဝရဲ့ အရည်အသွေးကို အများကြီးတိုးတက်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

အလုပ်၊ မိသားစု၊ လူမှုဘဝ စတဲ့ တာဝန်တွေကြောင့် စိတ်ဖိစီးမှုများလာနိုင်ပါတယ်။ ဒါပေမယ့် stress များလွန်းခြင်းက ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်တဲ့အတွက် သင့်အတွက် သင့်တော်တဲ့ relaxation နည်းလမ်းတစ်ခုကို ရှာဖွေပြီး အသုံးပြုသင့်ပါတယ်။

အစားအစာရွေးချယ်မှုကို သတိထားပါ

Diet လုပ်တာထက် မိမိနေ့စဉ်စားသောက်ပုံကို သင့်တော်အောင် ပြောင်းလဲခြင်းက ပိုမိုရေရှည်အကျိုးရှိပါတယ်။ Fresh foods၊ အာဟာရပြည့်ဝတဲ့အစားအစာတွေကို ရွေးချယ်စားသုံးခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ဆေးလိပ်ကင်းရှင်းသောဘဝကို ရွေးချယ်ပါ

ဆေးလိပ်သောက်ခြင်းက မိမိကျန်းမာရေးသာမက မိသားစုအပေါ်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် smoke-free lifestyle ကို ရွေးချယ်ခြင်းက သင့်ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

မိသားစုစီမံကိန်းအတွက် သင့်တော်သောရွေးချယ်မှုများကို လေ့လာ လုပ်ဆောင်ပါ

အမျိုးသမီးများအတွက် မိမိဘဝအစီအစဉ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲ့ဒီအတွက် မိသားစုစီမံကိန်း (family planning) ဆိုင်ရာ ရွေးချယ်မှုများကို မှန်ကန်စွာ နားလည်ထားခြင်းက သင့်ဘဝကို ပိုမိုသေချာစွာ စီမံနိုင်စေပါတယ်။ ယနေ့ခေတ်မှာ မိမိ lifestyle နဲ့ ကိုက်ညီတဲ့ ရွေးချယ်မှုများစွာ ရှိနေပြီး မိမိလိုအပ်ချက်အလိုက် လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။

ဥပမာ

  • နေ့စဉ်အသုံးပြုနိုင်တဲ့ နည်းလမ်းများ
  • အချိန်ရှည်အသုံးပြုနိုင်တဲ့ ရွေးချယ်မှုများ
  • အချိန်အလိုက် အသုံးပြုနိုင်တဲ့ နည်းလမ်းများ

ဒီရွေးချယ်မှုများဟာ မိမိဘဝကို ကိုယ်တိုင် စီမံနိုင်ဖို့ အထောက်အကူပြုသလို အနာဂတ်ကို ယုံကြည်စွာ စီမံနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

နေရောင်အလင်းကို သင့်တော်အောင် အသုံးချပါ

Vitamin D ရရှိဖို့ မနက်ခင်း နေရောင်ခြည်အလင်းကို သင့်တော်တဲ့အချိန်အတွင်း ရရှိဖို့လိုပါတယ်။ ဒါပေမယ့် အလွန်အကျွံ exposure မဖြစ်စေရန် sunscreen အသုံးပြုပေးဖို့လည်း မမေ့ပါနဲ့။

အနားယူချိန်ကို လုံလောက်စွာထားရှိပါ

အိပ်ရေးမဝခြင်း (သို့) လုံလောက်စွာ အိပ်စက်ခြင်းမပြုတာက စိတ်ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ အိပ်စက်ချိန် (၇–၉ နာရီ) ကို သေချာစွာ ရရှိဖို့လိုပါတယ်။

လေ့ကျင့်ခန်းကို မပျက်မကွက် လုပ်ပါ

Cardio လေ့ကျင့်ခန်းသာမက weight-bearing exercises များကိုပါ လုပ်ဆောင်ခြင်းက အရိုးကျန်းမာရေးနှင့် ရေရှည်ကျန်းမာရေးအတွက် အထူးအသုံးဝင်ပါတယ်။

ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ

Early detection က ကုသမှုအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ထို့ကြောင့် gynecologist check-up များနှင့် health screening များကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

လူမှုဆက်ဆံရေးကို ထိန်းသိမ်းပါ

မိသားစုနှင့် မိတ်ဆွေများနဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းက စိတ်ကျန်းမာရေးကို အားကောင်းစေပြီး အသက်ရှည်ရှည်နေထိုင်နိုင်စေပါတယ်။

၁၀

ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ

Early detection က ကုသမှုအောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ထို့ကြောင့် gynecologist check-up များနှင့် health screening များကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

၁၁

ဦးနှောက်ကို လှုပ်ရှားနေစေပါ

အသစ်အသစ်တွေကို လေ့လာခြင်း၊ hobby များလုပ်ခြင်းတို့က ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၁၂

စိတ်ကျန်းမာရေးကို မမေ့ပါနဲ့

စိတ်ပင်ပန်းမှု၊ စိတ်ကျရောဂါတို့ကို လျစ်လျူမရှုဘဲ လိုအပ်လျှင် professional help ရယူခြင်းက သင့်ဘဝအတွက် အရေးကြီးပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ