မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်ရောက်မှု မဖြစ်စေရန်

မိန်းမကိုယ် သန့်ရှင်းရေးပြုလုပ်တဲ့အခါ အရှေ့မှ အနောက်သို့သာ သန့်ရှင်းပါ။

Toilet သွားပြီးတဲ့အခါတိုင်းမှာ သန့်ရှင်းရေးပြုလုပ်တော့မယ်ဆို မိန်းမကိုယ် အရှေ့မှ အနောက်သို့ (Front to Back) ဆေးကြောခြင်းဖြင့်သာ ပြုလုပ်သင့်ပါတယ်။ ဒါက အနောက်စအိုထဲမှာရှိနေတဲ့ အညစ်အကြေးနဲ့ ဘတ်တီးရီယားတွေကို မိန်းမကိုယ် ဆီးလမ်းကြောင်းနဲ့ သားအိမ်ထဲ မရောက်စေရန် ကာကွယ်ခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်က ရေနဲ့ဆေးကြောသန့်စင်ပြီးတဲ့နောက်မှာလည်း တစ်ရှုးအသုံးပြုပြီး (toilet paper) မိန်းမကိုယ်ကို ခြောက်သွေ့သန့်စင်အောင်ထားဖို့ လိုအပ်ပါသေးတယ်။

အနောက်ကနေ အရှေ့ကို ဆေးကြောမိတဲ့အခါမှာရော ဘာတွေဖြစ်နိုင်လဲ?

အနောက်ကနေ အ‌ရှေ့ကို ဝိုက်ပြီး ဆေးကြောမိတဲ့အခါမှာ စအိုမှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေက မိန်းမကိုယ်ကို တိုက်ရိုက်ထိတွေ့ ကူးစက်နိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအပြင် အခြားသော သားအိမ်တွင်း မှိုပိုးဝင်ခြင်းများ ဖြစ်နိုင်ပါတယ်။

မိသားစုစီမံကိန်းဆိုတာဘာလဲ?

Family Planning ဆိုတာက မိမိဘဝအတွက် “ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေး ဘယ်နှစ်ယောက်ယူမလဲ” စတဲ့ အစီအစဉ်ကို ကိုယ်တိုင်စဉ်းစားပြီး ဆုံးဖြတ်နိုင်ခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအတွက်တော့ ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့၊ အလုပ်၊ မိသားစု၊ ကိုယ်ပိုင်ရည်မှန်းချက်တွေကို မျှတအောင်စီမံနိုင်ဖို့ မိသားစုစီမံကိန်း (Family Planning) က အရေးကြီးပါတယ်။

ဒါ့အပြင် ကိုယ်နဲ့ကိုက်ညီတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ရွေးချယ်ထားခြင်းက မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကိုယ့်ဘဝကို ယုံကြည်မှုရှိရှိ ဆက်လက်တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။

မိသားစုစီမံကိန်းက (Family Planning) ကိုယ့်ရဲ့ ရွေးချယ်မှုပါ။ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုစီမံကိန်းဟာ ဘာကြောင့် အရေးကြီးတာလဲ?

မိသားစုစီမံကိန်းဆိုတာက အမျိုးသမီးတစ်ယောက်အတွက် ကလေး မွေးဖွားချိန်ကိုသာ ဆုံးဖြတ်တာမဟုတ်ဘဲ၊ အမျိုးသမီးတစ်ယောက်ရဲ့  ကျန်းမာရေး၊ အခွင့်အရေးနဲ့ ဘဝအရည်အသွေးကို ကာကွယ်ပေးတဲ့ အရေးကြီးကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုစီမံကိန်းကို သေချာနားလည်ထားပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်စီမံနိုင်တဲ့အခါမှာဆိုရင် “ကိုယ်ရောစိတ်ရော” ကျန်းမာစေတဲ့အပြင်၊ အမျိုးသမီးတွေဘဝအတွက် ပိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ပညာရေးနဲ့ အခြားရည်မှန်းချက် အခွင့်အလမ်းတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် “မိသားစု စီမံကိန်း” ကို သေချာ အစီစဉ်ချပြီး မလုပ်ဆောင်ထားတဲ့အခါ အချိန်တိုအတွင်းမှာဖြစ်စေ၊ မမျှော်လင့်ထားဘဲဖြစ်စေ “ကိုယ်ဝန်” ဆက်တိုက် ရသွားတဲ့အခါမျိုးမှာ စိတ်ပင်ပန်း၊ လူပင်ပန်းစေရုံမက မိခင်အတွက်လည်း အန္တာရယ်ဖြစ်စေနိုင်ပါတယ်။

နောက်ပြီး မိသားစုစီမံကိန်းဆိုတာက မိသားစုဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် မိဘများအနေနဲ့ ကိုယ့်ဘဝနေထိုင်မှု ပုံစံနဲ့ ကိုက်ညီတဲ့  ကလေးအရေအတွက်ကို စီမံကိန်းရေးဆွဲနိုင်ခြင်းကြောင့် ကလေးတစ်ဦးချင်းစီအတွက် အာဟာရ၊ ပညာရေးနဲ့ စောင့်ရှောက်မှုအပြင် နွေးထွေးကြင်နာမှု၊ ဂရုစိုက်ချစ်ချင်မှုတို့ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်မှာပါ။

ဒါကြောင့် မိသားစုစီမံကိန်းနဲ့ ပတ်သက်လို့ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ “လေဒီယာ” ရဲ့  အရည်အသွေးမြင့် သားဆက်ခြား နည်းလမ်း အဖြာဖြာကို စဉ်းစား ရွေးချယ်နိုင်ပါတယ်။ လေဒီယာမှာ အရေးပေါ်သားဆက်ခြားဆေး (Emergency Pills) ၊ နေ့စဉ်သောက် သားဆက်ခြားဆေး (Oral Contraceptive Pills) တွေဖြစ်တဲ့ Lydia Fine, Lydia Lacta, Lydia Clair အပြင် (၃) လခံထိုးဆေး (Lydia Andalan)၊ (၄) နှစ်ခံ လက်မောင်းတွင်းထည့် Lydia Implanex II နဲ့ သားအိမ်တွင်းထည့် နှစ်ရှည်ခံ (၅ နှစ်မှ ၁၀ နှစ်) Lydia IUD စတဲ့ နည်းလမ်းအဖြာဖြာထဲမှ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုက မိသားစုစီမံကိန်းဆိုတာ အမျိုးသမီးတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ မိမိကိုယ်ခန္ဓာ မိမိဘဝအတွက် ဆုံးဖြတ်ခွင့် ရရှိခြင်းဟာ အမျိုးသမီးတိုင်းအတွက် ယုံကြည်မှုပိုတိုးစေသလို၊ မိသားစုအသိုင်းအဝန်းအတွက်လည်း အားကိုး အားထားပြုရမှာ အသေအချာပါပဲ။

ဒါကြောင့် မိသားစုစီမံကိန်ဆိုတာဟာ ကျန်းမာတဲ့ အမျိုးသမီးများ၊ မိသားစုများနဲ့ လူမှုအသိုင်းအဝန်းများကို ဖန်တီးပေးနိုင်တဲ့ အရေးကြီးဆုံး အခြေခံအချက်တစ်ခုပဲ ဖြစ်ပါတယ်။

အတူနေပြီးနောက် ဆီးသွားပါ

အတူနေပြီးနောက် အမျိုးသမီးများ ဆီးသွားရန် ဘာကြောင့်လိုအပ်တာလဲ?

အတူနေပြီးတဲ့နောက်မှာ sex-related UTI (urinary tract infection) ဖြစ်နိုင်တာကို လျော့နည်းစေဖို့ ဆီးသွားသင့်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းပေါက်ဟာ စအိုအနီးနားမှာရှိလို့ bacteria ဝင်ရောက်ရလွယ်ပါတယ်။  ဒါကြောင့် အတူနေပြီးတိုင်းမှာ ဆီးအရင်သွားပြီးမှ ရေနဲ့သေချာ ဆေးကြောသန့်စင်ခြင်းက ဘတ်တီးရီးယားတွေကို အတိုင်းအတာတစ်ခုအနေနဲ့ ဖယ်ရှားနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆီးသွားသင့်တာလဲ?

သတိပြုရမှာက

  • အတူနေပြီးနောက် ဆီးသွားခြင်းဟာ ကိုယ်ဝန်ကို ကာကွယ်ပေးခြင်းမဟုတ်ပါဘူး။
  • လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ဆိုင်တဲ့ ရောဂါများကိုသာ အထိုက်အလျောက် ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေမှာရှိတဲ့ Emotional Intimacy (စိတ်ခံစားမှုနက်ရှိုင်းတဲ့ချိတ်ဆက်မှု) အလေ့အကျင့်များ

ကျန်းမာပြီးခိုင်မာတဲ့ relationship ဆိုတာ ကြီးမားတဲ့အပြုအမူတွေကြောင့်တင်မဟုတ်ပါဘူး။

နေ့စဉ်ဘဝထဲက သေးသေးလေးတွေကနေတဆင့် ယုံကြည်မှု၊ လုံခြုံမှုနဲ့ နက်ရှိုင်းတဲ့ချိတ်ဆက်မှုတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။

Emotional intimacy ဆိုတာက တစ်ယောက်ကိုတစ်ယောက် “တကယ်မြင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ခံစားနိုင်ခြင်း” ကို ဆိုလိုတာပါ။ ဒါဟာ long-term relationship တစ်ခုရဲ့ အခြေခံအရေးကြီးဆုံးအရာတစ်ခုလည်း ဖြစ်ပါတယ်။

ပျော်ရွှင်တဲ့စုံတွဲတွေမှာ အများဆုံးရှိတဲ့ အလေ့အကျင့်လေး အချို့က

  1. ပွင့်လင်းပြီး ရိုးသားစွာ ဆက်သွယ်တတ်ကြတယ်
    • ခက်ခဲတဲ့အကြောင်းအရာတွေကို ရှောင်မသွားဘဲ လုံခြုံတဲ့နေရာတစ်ခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ရိုးရိုးသားသား ပြောဆိုနိုင်ကြပါတယ်။
  2. အချင်းချင်းရဲ့ ခံစားချက်ကို အလေးထားတတ်ကြတယ်
    • တစ်ဖက်သူရဲ့ စိတ်ခံစားချက်လိုအပ်ချက်တွေကို မလျစ်လျူရှုဘဲ နားထောင်ပေးပြီး နားလည်ပေးတတ်ကြပါတယ်။
  3. အတူရှိတဲ့အချိန်ကို တန်ဖိုးထားတတ်ကြတယ်
    • အချိန်များများရှိဖို့ထက် အတူရှိတဲ့အချိန်တိုင်းကို အပြည့်အဝအာရုံစိုက်ပြီး အဓိပ္ပါယ်ရှိအောင် အသုံးချတတ်ကြပါတယ်။
  4. ကျေးဇူးတင်စကားတွေကို မကြာခဏပြောတတ်ကြတယ်
    • သေးသေးလေးအရာတွေကိုတောင် ကျေးဇူးတင်ကြောင်း ပြောဆိုတတ်ခြင်းက စိတ်ခံစားမှုချိတ်ဆက်မှုကို ပိုခိုင်မာစေပါတယ်။
  5. တစ်ယောက်ကိုတစ်ယောက် စိတ်လုံခြုံမှု ပေးတတ်ကြတယ်
    • ကိုယ့်ခံစားချက်တွေ၊ အားနည်းချက်တွေကို ဖွင့်ပြောနိုင်အောင် လုံခြုံတဲ့နေရာတစ်ခုအဖြစ် တည်ဆောက်ထားကြပါတယ်။
  6. ပြဿနာတွေကို လေးစားမှုနဲ့ ဖြေရှင်းတတ်ကြတယ်
    • အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါ “အနိုင်ရဖို့” မဟုတ်ဘဲ “နားလည်ဖို့” ကို ဦးစားပေးပြီး ဖြေရှင်းတတ်ကြပါတယ်။
  7. နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ရွေးချယ်တတ်ကြတယ်
    • Emotional intimacy ဆိုတာ တစ်ခါတည်းရလာတဲ့အရာမဟုတ်ပါဘူး။
    • နေ့စဉ်နေ့တိုင်း ချစ်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ တည်ဆောက်သွားရတဲ့ အရာဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုတွေ ဘယ်လိုဖန်တီးမလဲ

နေ့စဉ်ဘဝကို ပိုလှပပြီး အဓိပ္ပါယ်ရှိသလိုမြင်ကြည့်ခြင်းက စိတ်ကျန်းမာစေခြင်းအတွက် အထောက်အကူဖြစ်နိုင်ပါသလား?

နေ့စဉ်ဘဝဟာ အလုပ်၊ ကျောင်း၊ တာဝန်တွေကြားမှာ အချိန်အများစုကို အလိုအလျောက်ဖြတ်သန်းနေမိတတ်ပါတယ်။ ဒီလိုအချိန်မှာ “Romanticize your life” ဆိုတဲ့ အယူအဆဟာ social media မှာ လူငယ်တွေအကြား ပိုပြီးရေပန်းစားလာပါတယ်။

အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ရုပ်ရှင်လို လှပတဲ့အခိုက်အတန့်တွေအဖြစ် မြင်ကြည့်ပြီး သေးငယ်တဲ့အရာတွေထဲကနေ အဓိပ္ပါယ်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခြင်းပါ။

ဥပမာ

  • မနက်ခင်းကော်ဖီသောက်တဲ့အချိန်ကို ကိုယ့်အတွက် အေးချမ်းတဲ့ moment လေးတစ်ခုအဖြစ်ခံစားခြင်း
  • သွားလာနေတဲ့လမ်းတစ်လျှောက်ကို ကိုယ့်ဘဝဇာတ်လမ်းထဲက scene တစ်ခုလို မြင်ခြင်း
  • နေ့စဉ်လုပ်ငန်းတွေကို အလျင်မလိုဘဲ သတိရှိရှိ (mindfully) ဖြတ်သန်းခြင်း

အပြုသဘောဆောင်တဲ့အကျိုးကျေးဇူးများ

Romanticize လုပ်ခြင်းဟာ အရမ်းကြီးအပြောင်းအလဲတစ်ခုမဟုတ်ပေမဲ့ နေ့စဉ်စိတ်ခံစားမှုကို တိုးတက်စေနိုင်ပါတယ်။

  1. သေးငယ်တဲ့ပျော်ရွှင်မှုတွေကို မြင်တတ်လာခြင်း
    • နေ့စဉ်ဘဝထဲက သေးငယ်တဲ့အရာတွေဖြစ်တဲ့ အလင်းရောင်၊ တိတ်ဆိတ်တဲ့အချိန်၊ သက်တောင့်သက်သာရှိတဲ့ moment လေးတွေကို ပိုပြီးသတိထားမိလာစေပါတယ်။
  2. စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ခြင်း
    • အချိန်တိုအတွင်း “အခုဒီအခိုက်အတန့်မှာပဲ ရှိနေခြင်း” ကို အာရုံစိုက်နိုင်တာကြောင့် စိတ်ပင်ပန်းမှုကို လျော့စေနိုင်ပါတယ်။
  3.  ကိုယ့်ဘဝကို တန်ဖိုးထားတတ်လာခြင်း
    • ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ ကြိုးစားမှုတွေကို ပိုပြီးအသိအမှတ်ပြုတတ်လာစေပါတယ်။ ဒီလို mindset က self-esteem ကိုလည်း တိုးတက်စေနိုင်ပါတယ်။

ဒါပေမယ့် Romanticizing life က အပြုသဘောဆောင်ပေမယ့် ပြဿနာတွေကို မမြင်ချင်သလို လွှတ်ထားဖို့ မဟုတ်ပါဘူး။

  • စိတ်ဖိစီးမှု သို့မဟုတ် အခက်အခဲတွေကို လျစ်လျူရှုခြင်း
  • တကယ့်ပြဿနာတွေကို မဖြေရှင်းဘဲ ခဏတာ escape လုပ်ခြင်း

ဒီလိုအရာတွေက ရေရှည်မှာ စိတ်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

Romanticizing life ဆိုတာ

  • ဘဝကို လှပအောင် ဖန်တီးဖို့ပဲ မဟုတ်ဘဲ
  • ကိုယ့်ကိုယ်ကို ပိုမိုနူးညံ့စွာ ဆက်ဆံဖို့
  • နေ့စဉ်ဘဝထဲက သေးငယ်တဲ့အလှတွေကို တွေ့မြင်တတ်ဖို့ ဖြစ်ပါတယ်

တစ်ဖက်မှာလည်း

  • ကိုယ့်ရဲ့အခက်အခဲတွေကို လက်ခံတတ်ဖို့
  • လိုအပ်ရင် အကူအညီရှာဖို့
  • တာဝန်တွေကို တဖြည်းဖြည်းတည်ငြိမ်စွာ ဖြေရှင်းဖို့ လည်း အရေးကြီးပါတယ်

အနားယူခြင်းရဲ့ အရေးပါမှု

အနားယူခြင်းရဲ့ အရေးပါမှု

ဘာကြောင့် အနားယူခြင်းက စိတ်ကျန်းမားစေခြင်းနဲ့ ဘဝအောင်မြင်မှုအတွက် အရေးကြီးလဲ?

ယနေ့ခေတ် လူငယ်တွေကြားမှာ အလုပ်၊ ကျောင်း၊ တာဝန်တွေကြားမှာ အမြဲတမ်း busy lifestyle ဖြစ်နေခြင်းဟာ normal လိုဖြစ်လာပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အနားယူခြင်းဟာ စိတ်ကျန်းမာစေခြင်း (mental health), ခန္ဓာကိုယ် ကျန်းမာရေး (physical health), နဲ့ productivity အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ အနားယူခြင်းရဲ့ အရေးပါမှု၊ အကျိုးကျေးဇူးတွေနဲ့ ကျန်းမာစွာ အနားယူခြင်း လုပ်နည်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အနားယူခြင်းဆိုတာဘာလဲ။

အနားယူခြင်းဆိုတာက အိပ်စက်ခြင်းတင်မဟုတ်ပါဘူး။

  • စိတ်ကို အလုပ်ကနေ ခဏ detach လုပ်ခြင်း
  • ဖိအားတွေကို လျော့ချခြင်း
  • ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ပြန်လည်အားဖြည့်ခြင်း
  • အေးအေးဆေးဆေးနေထိုင်ပြီး recovery လုပ်ခြင်း

အနားမယူဘဲ အချိန်ကြာကြာ အလုပ်လုပ်နေမယ်ဆိုရင် ဘာဖြစ်နိုင်လဲ။

အနားမယူဘဲ အချိန်ကြာကြာ အလုပ်လုပ်နေမယ်ဆိုရင် စိတ်ပင်ပန်းလာပြီး အာရုံမစိုက်နိုင်တော့တာ၊ အလုပ်လုပ်နိုင်စွမ်းလျော့လာတာနဲ့ အလွန်အမင်း စိတ်နဲ့ခန္ဓာပင်ပန်းနွမ်းနယ်ခြင်း (burnout) ဖြစ်လာနိုင်ပါတယ်။

အနားယူခြင်းရဲ့ အဓိကအကျိုးကျေးဇူးများ

  1. ဦးနှောက်စွမ်းဆောင်ရည် တိုးတက်စေခြင်း
    • အနားယူချိန်မှာ ဦးနှောက်က သင်ယူထားတဲ့အချက်အလက်တွေကို စနစ်တကျ စုစည်းပေးပြီး memory ကို ပိုကောင်းစေပါတယ်။ ဒါကြောင့် အာရုံစိုက်နိုင်မှုနဲ့ decision-making စွမ်းရည်တွေ တိုးတက်လာပါတယ်။
  2. စိတ်ဖိစီးမှု (Stress) လျော့ချပေးခြင်း
    • အနားယူခြင်းက stress hormone တွေကို လျော့ချပေးပြီး စိတ်ကို ပိုမိုတည်ငြိမ်စေပါတယ်။
      တစ်နေ့တာအတွင်း ခဏတာ rest လုပ်ခြင်းတောင် စိတ်ပင်ပန်းမှုကို သိသာစွာ လျော့ချပေးနိုင်ပါတယ်။
  3. ခန္ဓာကိုယ် ပြန်လည်ပြုပြင်ခြင်း
    • အနားယူနေချိန်မှာ ခန္ဓာကိုယ်က energy ပြန်လည်ဖြည့်တင်းပြီး cells တွေကို repair လုပ်ပါတယ်။
      အိပ်စက်ခြင်းက immune system, hormone balance, နဲ့ overall health အတွက် အရေးကြီးပါတယ်။
  4. Burnout ကို ကာကွယ်ပေးခြင်း
    • အမြဲတမ်း အလုပ်လုပ်နေခြင်းက burnout, anxiety, နဲ့ emotional exhaustion ကို ဖြစ်စေနိုင်ပါတယ်။
      Regular rest ကတော့ mental stability ကို ထိန်းသိမ်းပေးပြီး long-term productivity ကို support လုပ်ပေးပါတယ်။
    • အနားယူခြင်းဆိုတာ သင့်ဘဝကို ရပ်တန့်စေတာမဟုတ်ဘဲ ပိုပြီးကျန်းမာ၊ တည်ငြိမ်ပြီး အောင်မြင်စေဖို့ ပြန်လည်အားဖြည့်ပေးတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
    • တစ်ခါတလေမှာ အနားယူခြင်းက သင်ရှေ့ဆက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို နားထောင်ပြီး လိုအပ်တဲ့အချိန်မှာ အနားယူခွင့်ပေးဖို့ မမေ့ပါနဲ့။

အမျိုးသမီးတိုင်း မေးသင့်ပေမယ့် မေးရခက်နေတဲ့ ကျန်းမာရေးမေးခွန်း (10 ခု)

အမျိုးသမီးအများစုသည် ဆရာဝန်ကိုတွေ့သည့်အခါ မေးချင်ပေမယ့် “အရှက်ကြီးတယ်”၊ “မေးရင်မသင့်တော်ဘူးလား” ဆိုပြီး မမေးဖြစ်တဲ့ ကျန်းမာရေးမေးခွန်းတွေ ရှိတတ်ပါတယ်။

ဒါပေမယ့် ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို မမေးဘဲထားခြင်းက တခါတရံမှာ သေးငယ်တဲ့ပြဿနာတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေကလည်း မေးချင်တာအားလုံးကို မရှက်ဘဲမေးဖို့ အကြံပြုထားပါတယ်။

ဒီဆောင်းပါးမှာ အမျိုးသမီးတိုင်း သိထားသင့်တဲ့ “မေးရခက်ပေမယ့် မေးသင့်တဲ့ မေးခွန်း 10 ခု” ကို Lydia Club မှ ဝေမျှပေးထားပါတယ်။

1

လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း/နာကျင်ခြင်းဟာ ပုံမှန်လား?

လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း သို့မဟုတ် နာကျင်မှုရှိရင် မပေါ့ဆသင့်ပါဘူး။
အကြောင်းအရင်းက ပိုးဝင်ခြင်း (infection)၊ ဟော်မုန်းပြဿနာ သို့မဟုတ် အခြားရောဂါတစ်ခု ဖြစ်နိုင်ပါတယ်။

2

မိန်းမအင်္ဂါ အနံ့ရှိတာ ပုံမှန်လား?

အနည်းငယ်အနံ့ရှိတာက ပုံမှန်ဖြစ်နိုင်ပေမယ့် အနံ့ပြင်းခြင်း သို့မဟုတ် ဆိုးရွားတဲ့အနံ့ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

3

Vaginal discharge (အရည်ထွက်ခြင်း) ပုံမှန်လား?

အမျိုးသမီးအများစုမှာ သဘာဝအရ အနည်းငယ်အရည်ထွက်တတ်ပါတယ်။ ဒါပေမယ့် အရောင်ပြောင်းခြင်း၊ အနံ့ဆိုးခြင်း ဖြစ်လာရင် စစ်ဆေးရန်လိုအပ်နိုင်ပါတယ်။

4

မိန်းမရာသီလာတာ အရမ်းများတာ/ကြာတာ ပုံမှန်လား?

ရာသီသွေးအလွန်များခြင်း သို့မဟုတ် ရက်ရှည်လာခြင်းဟာ ဟော်မုန်းပြဿနာ သို့မဟုတ် သားအိမ်အခြေအနေတစ်ခုကို ပြသနိုင်ပါတယ်။

5

ကိုယ်ဝန်ရှိချိန်မှာ လိင်ဆက်ဆံလို့ရလား?

ကိုယ်ဝန်ကျန်းမာနေတဲ့အခြေအနေမှာ အများအားဖြင့် လိင်ဆက်ဆံခြင်းက အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အထူးအခြေအနေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ရန်လိုအပ်ပါတယ်။

6

အော်ဂဇမ် (orgazm) မရတာက ပြဿနာလား?

အမျိုးသမီးအချို့မှာ အော်ဂဇမ် မရတာ သာမန်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှု သို့မဟုတ် ကျန်းမာရေးအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

7

မိန်းမအင်္ဂါမှာ အဖုလေးပေါ်တာ အန္တရာယ်လား?

အဖုလေးတွေဟာ အချို့က သေးငယ်တဲ့အရေပြားပြဿနာသာဖြစ်နိုင်ပေမယ့် အချို့ကတော့ ပိုးဝင်ခြင်း (infection) တစ်ခုရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

8

အရမ်းနာကျင်တဲ့ ရာသီလာခြင်းဟာ ဘာကြောင့်လဲ?

ပြင်းထန်တဲ့နာကျင်မှုက သားအိမ်တွင်းဆဲလ်များ လွဲမှားတည်ရှိခြင်း (endometriosis) သို့မဟုတ် သားအိမ်ပြဿနာများနဲ့ ဆက်စပ်နိုင်ပါတယ်။

9

မကြာခဏ ဆီးသွားချင်တာက ဘာလဲ?

ဆီးလမ်းကြောင်းအင်ဖက်ရှင် (UTI) သို့မဟုတ် အခြားကျန်းမာရေးပြဿနာဖြစ်နိုင်ပါတယ်။

10

ကိုယ်ခန္ဓာအတွင်း ပြောင်းလဲမှုတွေကို ဘယ်အချိန်မှာ စိုးရိမ်သင့်လဲ?

မကြာခဏနာကျင်မှု၊ သွေးထွက်မှု၊ အနံ့ပြောင်းလဲမှုတွေရှိလာရင် အချိန်မဆွဲဘဲ ဆရာဝန်ကို ပြသသင့်ပါတယ်။

Lydia Club မှ အကြံပြုချက်

ကျန်းမာရေးမေးခွန်းတွေကို မရှက်ပါနဲ့။ ဆရာဝန်ဆိုတာ သင့်ကိုကူညီဖို့ရှိတဲ့သူဖြစ်ပြီး မေးခွန်းမေးခြင်းက သင့်ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။

နေ့စဉ်သောက်ဆေး မသောက်ဖြစ်ခဲ့ရင် (မေ့သွားရင်) ဘာလုပ်သင့်လဲ?

နေ့စဉ်သောက်ရမယ့် ဆေးတစ်လုံးကို မေ့ပြီး မသောက်မိတာက များသောအားဖြင့် ဖြစ်တတ်ပါတယ်။ တစ်ရက်တည်း မေ့ခဲ့တာဆိုရင် အလွန်အမင်း စိုးရိမ်ဖို့ မလိုအပ်သေးပါဘူး။ သတိရတဲ့အချိန်မှာ ချက်ချင်းသောက်ပြီး နောက်တစ်ကြိမ်ကိုတော့ ပုံမှန်အချိန်အတိုင်း ဆက်သောက်ပေးရင် ရပါတယ်။

ဒါပေမဲ့ ဆက်တိုက် မေ့သောက်မိတာများလာရင်တော့ အေးအာနိသင်လျော့နည်းနိုင်ပြီး ကိုယ်ဝန်ရသွားနိုင်ပါတယ်။

အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် အရေးပေါ်ဆေးသောက်ဖို့ မေ့သွားခဲ့ရင် ဘာဆက်လုပ်သင့်လဲ?

အရေးပေါ်ဆေးဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း သောက်ရင်သာ အထောက်အကူဖြစ်ပါတယ်။ မေ့သွားခဲ့ရင် စိတ်ပူစရာ ဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ အရေးပေါ်ဆေး တစ်လုံးနဲ့ ညီမျှတဲ့ နေ့စဉ်သောက်ဆေး (၈) လုံးကို တစ်ကြိမ်တည်း‌သောက်လိုက်မယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အရေးပေါ် အခြေအနေအတွက် အသုံးပြုသင့်တယ်ဆိုတာ မေ့မထားပါနဲ့။

အရေးပေါ်တားဆေးမဟုတ်တဲ့ လေဒီယာရဲ့ အရည်အသွေးမြင့် သားဆက်ခြားနည်းလမ်းများကို လေ့လာရန်  Long Term Methods

[သို့မဟုတ်]

ကိုယ့်အနေနဲ့ လိင်ဆက်ဆံမှာကို ကြိုသိရင် (သို့) အကာကွယ်မဲ့ လိင်ဆက်ဆံမှု အမြဲရှိမယ်ဆိုရင် ပိုစိတ်ချရပြီး ဘေးကင်းစေမယ့် လေဒီယာရဲ့ အခြားသော သားဆက်ခြားနည်းလမ်းများဖြစ်တဲ့ (နေ့စဉ်သောက်ဆေး၊ (၃) လခံ ထိုးဆေး၊ လက်မောင်းတွင်းထည့် Implenex II စသဖြင့်) ကို ရွေးချယ်သင့်ပါတယ်။

အရေးပေါ်တားဆေးမဟုတ်တဲ့ လေဒီယာရဲ့ အရည်အသွေးမြင့် သားဆက်ခြားနည်းလမ်းများကို လေ့လာရန်   Long Term Methods

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ