နေ့စဉ်သောက်ဆေး မသောက်ဖြစ်ခဲ့ရင် (မေ့သွားရင်) ဘာလုပ်သင့်လဲ?

နေ့စဉ်သောက်ရမယ့် ဆေးတစ်လုံးကို မေ့ပြီး မသောက်မိတာက များသောအားဖြင့် ဖြစ်တတ်ပါတယ်။ တစ်ရက်တည်း မေ့ခဲ့တာဆိုရင် အလွန်အမင်း စိုးရိမ်ဖို့ မလိုအပ်သေးပါဘူး။ သတိရတဲ့အချိန်မှာ ချက်ချင်းသောက်ပြီး နောက်တစ်ကြိမ်ကိုတော့ ပုံမှန်အချိန်အတိုင်း ဆက်သောက်ပေးရင် ရပါတယ်။

ဒါပေမဲ့ ဆက်တိုက် မေ့သောက်မိတာများလာရင်တော့ အေးအာနိသင်လျော့နည်းနိုင်ပြီး ကိုယ်ဝန်ရသွားနိုင်ပါတယ်။

အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် အရေးပေါ်ဆေးသောက်ဖို့ မေ့သွားခဲ့ရင် ဘာဆက်လုပ်သင့်လဲ?

အရေးပေါ်ဆေးဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း သောက်ရင်သာ အထောက်အကူဖြစ်ပါတယ်။ မေ့သွားခဲ့ရင် စိတ်ပူစရာ ဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ အရေးပေါ်ဆေး တစ်လုံးနဲ့ ညီမျှတဲ့ နေ့စဉ်သောက်ဆေး (၈) လုံးကို တစ်ကြိမ်တည်း‌သောက်လိုက်မယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အရေးပေါ် အခြေအနေအတွက် အသုံးပြုသင့်တယ်ဆိုတာ မေ့မထားပါနဲ့။

အရေးပေါ်တားဆေးမဟုတ်တဲ့ လေဒီယာရဲ့ အရည်အသွေးမြင့် သားဆက်ခြားနည်းလမ်းများကို လေ့လာရန်  Long Term Methods

[သို့မဟုတ်]

ကိုယ့်အနေနဲ့ လိင်ဆက်ဆံမှာကို ကြိုသိရင် (သို့) အကာကွယ်မဲ့ လိင်ဆက်ဆံမှု အမြဲရှိမယ်ဆိုရင် ပိုစိတ်ချရပြီး ဘေးကင်းစေမယ့် လေဒီယာရဲ့ အခြားသော သားဆက်ခြားနည်းလမ်းများဖြစ်တဲ့ (နေ့စဉ်သောက်ဆေး၊ (၃) လခံ ထိုးဆေး၊ လက်မောင်းတွင်းထည့် Implenex II စသဖြင့်) ကို ရွေးချယ်သင့်ပါတယ်။

အရေးပေါ်တားဆေးမဟုတ်တဲ့ လေဒီယာရဲ့ အရည်အသွေးမြင့် သားဆက်ခြားနည်းလမ်းများကို လေ့လာရန်   Long Term Methods

အရေးပေါ်တားဆေးသောက်ပြီးမှ အတူတူထပ်နေမိသွားရင် ဘာလုပ်သင့်လဲ?

အရေးပေါ်တားဆေးသောက်ပြီးမှ အတူတူထပ်နေမိသွားရင် နောက်ထပ် အရေးပေါ်တားဆေးတစ်လုံးကို ထပ်သောက်ရန် လိုအပ်ပါတယ်။

ဒီနေ့ ဆေးသောက်ပြီးပြီလား မသေချာဘူးဆိုရင်?

ဒီလို မသေချာမှုတွေ ဖြစ်တတ်ပါတယ်။ ဆေးသောက်ပြီးပြီလား မသောက်ရသေးဘူးလား မသေချာရင် အချိန်ဇယားတစ်ခုထားပြီး စစ်ဆေးကြည့်လို့ရပါတယ်။

နေ့စဉ်သောက်ရမယ့် အချိန်ကို ဖုန်း reminder သတ်မှတ်ထားခြင်း၊ pill box သုံးခြင်းတို့က ဇဝေဇဝါ ဖြစ်တတ်သူ အမျိုးသမီးများအတွက်တော့ အသုံးဝင်ပါတယ်။

နေ့စဉ်ဆေးကို မမှန်ကန်ဘဲ သောက်မိခဲ့ရင် ဘယ်လိုကာကွယ်မလဲ?

အချိန်မမှန်ဘဲ သောက်မိတာ၊ မေ့သောက်မိတာတွေ ဖြစ်ခဲ့ရင်

  • နောက်ရက်တွေမှာ အချိန်မှန်မှန် ပြန်လည်သောက်ပါ။
  • သောက်နေစဉ်အတွင်းမှာ စိတ်ပိုချချင်ရင် အကာကွယ်သုံးတဲ့ နည်းလမ်းကို စဉ်းစားနိုင်ပါတယ်။
  • အသေးစိတ် ဆွေးနွေးတိုင်ပင် မေးမြန်းလိုရင် =>   ဆက်သွယ်ပါ

တားဆေးသောက်ပြီး အမျိုးသမီးတိုင်းကြုံတွေ့ရတတ်တဲ့ လက္ခဏာများ နဲ့ သက်သာအဆင်ပြေစေမယ့် နည်းလမ်းကောင်းများ

အမျိုးသမီးအချို့မှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာများ (စိုးရိမ်စရာ မရှိပါ)

  • ခေါင်းကိုက်ခြင်း
  • မောပန်းခြင်း
  • ပျို့အန်ချင်ခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း
  • အစားအသောက် ပိုစားဖြစ်ခြင်း
  • ဆေးသောက်နေစဉ်ကာလ လစဉ် ဓမ္မတာ မမှန်ခြင်း

သက်သာအဆင်ပြေရန် ပြုလုပ်နည်းများ

  • ရေများများသောက်ခြင်း
  • အစားအသောက် သေချာစားခြင်း
  • ကိုယ်လက်လှုပ်ရှားအားကစားကို ပြုလုပ်ခြင်း
  • ကောင်းစွာ အိပ်စက် အနားယူခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာရပ်တွေဟာ စိုးရိမ်စရာမရှိပါဘူး။ အချို့အမျိုးသမီးတွေမှာ ဆေးသောက်နေစဉ် (၂) လအတွင်း အဆင်ပြေသွားကြတာရှိသလို၊ (၃/၄ လလောက်ကြာမှ အဆင်ပြေသွားကြတာလည်း ရှိတတ်ပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ မခံမရပ်နိုင်အောင် ဝေဒနာ ခံစားနေရပါက နားလည်တက်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ကာ အခြားသော နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

လေဒီယာရဲ့ အရည်အသွေးမြင့် သားဆက်ခြားနည်းလမ်းများကို လေ့လာရန် => သားဆက်ခြားနည်းလမ်းများ နှင့် အမျိုးအစားများ

လစဉ် ရာသီသွေးဆင်း မမှန်ခြင်းနဲ့ အခြား လက္ခဏာများ

လစဉ်ရာသီသွေးဆင်းတဲ့အခါ ပုံမှန်မဟုတ်တာ၊ အနည်းအများ ပြောင်းလဲတာတွေက ကိုယ်ခန္ဓာ ပြောင်းလဲနေချိန်မှာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် အချိန်အနည်းငယ်အတွင်း ကိုယ်ခန္ဓာက ကိုယ်တိုင် ညှိနှိုင်းသွားတတ်ပါတယ်။ ဒါပေမဲ့  ကြာရှည်လာရင် သို့မဟုတ် မသက်သာဘူးဆိုရင် နားလည်တက်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆက်သွယ်မေးမြန်းရန်

မေးမြန်းလိုသည့် အကြောင်းအရာရှိပါသလား သို့မဟုတ် အချက်အလက်များ ထပ်မံလိုအပ်ပါသလား။ ကျွန်ုပ်တို့၏ အဖွဲ့က သင့်ကို ကူညီရန် အသင့်ရှိနေပါသည်။ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပြီး၊ ကျွန်ုပ်တို့က အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် ကွန်ရက်တစ်ခုကို ရွေးချယ်ပါ